Connect with us

Politics, Law & Military

တရုတ် နှင့် နီပေါ နှစ်နိုင်ငံ လူမှု အသိုက်အဝန်း တစ်ခု ထူထောင်ရေး တရုတ် နိုင်ငံ သမ္မတ ရှီ တိုက်တွန်း

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် နီပေါ နိုင်ငံ ဝန်ကြီးချုပ် ကေ.ပီ. ရှာမာ အိုလီတို့ ပေကျင်းမြို့ ပြည်သူ့ခန်းမကြီး၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော နီပေါနိုင်ငံ ဝန်ကြီးချုပ် ကေ.ပီ. ရှာမာ အိုလီ (K.P. Sharma Oli) နှင့် တွေ့ဆုံစဉ် သမ္မတ ရှီကျင့်ဖိန်က နှစ်နိုင်ငံ အစိုးရများအနေဖြင့် အစဉ်အဆက် ချစ်ကြည်ရေးနှင့် လက်တွေ့ကျ ပူးပေါင်း ဆောင်ရွက်မှု ချဲ့ထွင်ရေးအတွက် ရှေးရှု၍ ဘုံ လူမှုအသိုင်းအဝိုင်း တစ်ခု ထူထောင်ရန် မတ်လ ၂၁ ရက်က တိုက်တွန်း ပြောကြားလိုက်သည်။

ဖွံ့ဖြိုးဆဲနိုင်ငံများ ဖြစ်သော တရုတ်နှင့် နီပေါတို့သည် သမိုင်းဝင် ပြုပြင်ပြောင်းလဲမှု တာဝန်များနှင့် ဖွံ့ဖြိုးမှု များနဲ့ ရင်ဆိုင်နေရကြောင်း၊ မိတ်မပျက် ချစ်ခင်ရင်းနှီးမှုများနှင့် ကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှုဖြင့် အနီးကပ်ရှိနေသည့် အိမ်နီးချင်းနိုင်ငံများလည်း ဖြစ်ကြောင်း တရုတ် သမ္မတ ရှီက ပြောသည်။

ထို့ပြင် ရှီက တရုတ်- နီပေါ လွတ်လပ်သော ကုန်သွယ်မှုဒေသ တည်ထောင်မှု အရှိန်မြှင့်တင်ရေးနှင့် ဆက်သွယ် ရေး၊ စွမ်းအင်၊ ငလျင်ဒဏ်အလွန် ပြန်လည် တည်ဆောက်ခြင်းနှင့် စက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု မြှင့် တင်ရေး စသည့် နယ်ပယ်များ၌ ပိုမို အားထုတ်ကြိုးပမ်းရန် ပြောကြားခဲ့သည်။

နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း၊ ပညာရေးနှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေး၊ လူငယ်နှင့် မီဒီယာ ဖလှယ်ရေး နှင့် နှစ်နိုင်ငံ ချစ်ကြည်ရေး ပိုမို ခိုင်မာစေရန် တိုးမြှင့်သင့်ကြောင်း ရှီက ဆိုသည်။
တရုတ်- နီပေါ- အိန္ဒိယ သုံးနိုင်ငံ ဆက်ဆံရေးအရ တရုတ်နှင့် အိန္ဒိယနိုင်ငံများကြားမှ နီပေါနိုင်ငံက အကျိုးကျေး ဇူး ရရှိနိုင်ကြောင်းနှင့် အိမ်နီးချင်းနိုင်ငံကြီး နှစ်ခု၏ ဘုံ အကျိုးစီးပွားများအားဖြင့် နီပေါနိုင်ငံ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးမှုများ ရရှိနိုင်ကြောင်း ရှီက ဖြည့်စွက် ပြောကြားခဲ့သည်။
“အိန္ဒိယနဲ့ တရုတ်အတွက် နီပေါနိုင်ငံက ပေါင်းကူး တံတား သဖွယ် ဖြစ်လာနိုင်တယ်” ဟု ရှီက ပြောသည်။
နီပေါနိုင်ငံ ဝန်ကြီးချုပ် ရှာမာ အိုလီကလည်း ငလျင်ဒဏ်အလွန် နီပေါနိုင်ငံ၏ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွင် တရုတ်နိုင်ငံ၏ ကူညီထောက်ပံ့မှုများအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ပြီး တရုတ်ပြည်၏ တစ်နိုင်ငံတည်း မူဝါဒ (One-China Policy) အား နီပေါက အခိုင်အမာ လက်ခံထားသလို တရုတ်နိုင်ငံ၏ အကျိူးစီးပွား ထိခိုက်စေမည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမှ ခွင့်ပြုမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံ၏ ပိုးလမ်းမကြီး တည်ဆောက်ရေး လုပ်ငန်းတွင်လည်း နီပေါက တက်ကြွစွာ ပါဝင်ဆောင် ရွက်မည် ဖြစ်ပြီး တရုတ်နှင့် ကုန်သွယ်ရေး၊ ငွေရေးကြေးရေး၊ ဆက်သွယ်ရေး၊ အခြေခံ အဆောက်အအုံ၊ ခရီးသွားလုပ်ငန်းနှင့် နိုင်ငံတကာရေးရာများတွင်လည်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လိုကြောင်း နီပေါ ဝန်ကြီးချုပ်က ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.