Connect with us

Politics, Law & Military

တရုတ် နိုင်ငံ တွင် ဦးနှောက် နှင့် အာရုံကြော ဆိုင်ရာ အကြီးစား သုတေသန စင်တာ များ တည်ဆောင်ရန် အကြံပေး

၁၂ကြိမ်မြောက် တရုတ် ပြည်သူ့ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ (CPPCC) အမျိုးသားကော်မတီ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၁၃ ရက် (ဆင်ဟွာ)

တရုတ် ပြည်သူ့ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ (CPPCC) အမျိုးသားကော်မတီ ညီလာခံ ကိုယ်စားလှယ် ၊ Shanda ကုမ္ပဏီ ဥက္ကဋ္ဌ ချိန်ထျန်းချောင်း (Chen Tianqiao) က တရုတ် နိုင်ငံ တွင် အတိုင်းအတာ ကြီးမားသော ဦးနှောက် နှင့် အာရုံကြော ဆိုင်ရာ သုတေသန စင်တာ များ တည်ဆောက်ပြီး ဦးနှောက်နှင့် အာရုံကြော ဆိုင်ရာ ရောဂါဝေဒနာ ကုသရေး အတွက် ဘက်စုံ တွန်းအားပေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ကိုယ်စားလှယ် ချိန်ထျန်းချောင်း သည် ယခု ကျင်းပ နေသည့် ၁၂ကြိမ်မြောက် တရုတ် ပြည်သူ့ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ (CPPCC) အမျိုးသားကော်မတီ ၅ ကြိမ်မြောက်အစည်းအဝေး တွင် ဦးနှောက် နှင့် အာရုံကြော ဆိုင်ရာ အစီရင်ခံစာ ၃ ခု ကို တင်ပြ ခဲ့သည်။

ချိန်ထျန်းချောင်း က လူသား ဦးနှောက် ၏ ဖွဲ့စည်းမှု နှင့် လုပ်ဆောင်မှု ပိုင်းဆိုင်ရာကို လေ့လာခြင်းသည် ဦးနှောက် နှင့် အာရုံကြော ပိုင်းဆိုင်ရာ ရောဂါ ကုသရေး အတွက် အထောက်အကူ ဖြစ်စေသည့် အပြင် ထိုလေ့လာတွေ့ရှိမှု အပေါ် အခြေခံပြီး လူသားအသိဉာဏ် ပိုင်းဆိုင်ရာ တီထွင်မှု အတွက်လည်း အထောက်အကူ ဖြစ်စေကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.