Connect with us

Politics, Law & Military

ဆိုရှယ်လစ်၏ အဓိက တန်ဖိုးများ၊ ဂေဟစနစ် လုပ်ငန်းစဉ်များကြောင်း ဥပဒေပြု အမတ်များနှင့် တရုတ် အဆင့်မြင့် ခေါင်းဆောင်များ ဆွေးနွေး

အမျိုးသား ပြည်သူ့ ကွန်ဂရက် (NPC) နှစ်ပတ်လည် အစည်းအဝေး၌ ပြုလုပ်သော ဆွေးနွေးပွဲ ကျင်းပသည့် မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အဆင့်မြင့် ခေါင်းဆောင်များသည် ဟဲနန်နှင့် ကျန်းရှီးပြည်နယ်များမှ အမျိုးသား ဥပဒေပြု အမတ်များနှင့်အတူ ဆိုရှယ်လစ် အဓိက တန်ဖိုးများ၊ စက်မှုလက်မှု လုပ်ငန်းဆိုင်ရာ အဆင့်မြှင့်တင်ခြင်းနှင့် ဂေဟ လူမှုဘဝ စသည့် အကြောင်းများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

လက်ရှိ ကျင်းပနေဆဲ အမျိုးသား ပြည်သူ့ ကွန်ဂရက် (NPC) နှစ်ပတ်လည် အစည်းအဝေး၌ ပြုလုပ်သော ဆွေးနွေးပွဲသို့ ဟဲနန်မှ ဥပဒေပြု အမတ်များနှင့်အတူ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရို အမြဲတမ်း ကော်မတီအဖွဲ့ဝင် လျူယွီစန်းလည်း တက်ရောက်ခဲ့သည်။

ဆိုရှယ်လစ် အဓိက တန်ဖိုးများ တိုးတက်မှု မြှင့်တင်ရာတွင် ပြောင်းလဲမှု ရှိမည်မဟုတ်ကြောင်း ပြောကြားလိုက်ပြီး တရားမ ဥပဒေ အထွေထွေ ပြဋ္ဌာန်းချက် မူကြမ်းအား လက်ရှိ အစည်းအဝေးအတွင်း ဆွေးနွေးရာတွင် ဆိုရှယ်လစ် အဓိက တန်ဖိုး လိုအပ်ချက်များအား ပုံဖော်သွားမည် ဖြစ်ကြောင်း လျူက ပြောကြားခဲ့သည်။

ကျန်းရှီးပြည်နယ်မှ NPC ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာတွင် ဒုတိယ ဝန်ကြီးချုပ် ကျန်းကောလိက ဖွဲ့စည်းတည်ဆောက်ပုံ ပြုပြင်ပြောင်းလဲမှု ထောက်ပံ့ပေးရေး၊ စက်မှုလက်မှုဆိုင်ရာ အဆင့်မြှင့်တင်ခြင်းအား အရှိန်မြှင့် ဆောင်ရွက်ရေးနှင့် အဆင့်မြင့် ကုန်ထုတ်လုပ်မှု ကဏ္ဍ တိုးတက်ရေး စသည်တို့ကို ပိုမိုနက်ရှိုင်းစွာ အားထုတ် လုပ်ဆောင်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့ပြင် CPC ဗဟို ကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်း ကော်မတီအဖွဲ့ဝင် ကျန်းက ခေတ်မီသော လယ်ယာစိုက်ပျိုးရေး အဆင့်မြှင့်တင်ရန်နှင့် ကောင်းမွန်သော ဂေဟစနစ်ဆိုင်ရာ စမ်းသပ်ဇုန် တစ်ခု တည်ထောင်ရန် ကျန်းရှီးဒေသမှ ကိုယ်စားလှယ်များအား တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.