Connect with us

Politics, Law & Military

တရုတ် နိုင်ငံ ဝန်ကြီးချုပ် နှင့် ပြင်သစ် နိုင်ငံ သမ္မတ တို့ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမကြီး တွင် တွေ့ဆုံဆွေးနွေး

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် ပြင်သစ် နိုင်ငံ သမ္မတ Emmanuel Macron ဇန်နဝါရီ ၉ ရက်နေ့၌ တွေ့ဆုံစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် က ဇန်နဝါရီ ၉ ရက်နေ့ ညနေပိုင်း အချိန်တွင် ပြည်သူ့ခန်းမကြီး တွင် တရုတ် နိုင်ငံ သို့ အလည်အပတ် ခရီးရောက်ရှိနေသည့် ပြင်သစ် နိုင်ငံ သမ္မတ Emmanuel Macron နှင့် တွေ့ဆုံ ဆွေးနွေးမှု တစ်ရပ် ပြုလုပ် ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု အတွင်း ဝန်ကြီးချုပ် လီခဲ့ချန် က တရုတ်-ပြင်သစ် နှစ်နိုင်ငံ သည် ကာလတစ်လျှောက် အပြန်အလှန် လေးစားခြင်း ၊ တန်းတူညီမျှ ဆက်ဆံခြင်း နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း တို့ကြောင့် တရုတ် နိုင်ငံ နှင့် အနောက်နိုင်ငံများ အကြား ဆက်ဆံရေး တွင် ထိပ်ဆုံး အခြေအနေ ၌် အမြဲရှိနေခဲ့ကြောင်း ၊ လက်ရှိ ကမ္ဘာ့နိုင်ငံတကာ အခြေအနေ မတည်ငြိမ်မှု နှင့် မသေချာမှု များအောက် တွင် တရုတ် နိုင်ငံ နှင့် ပြင်သစ် နိုင်ငံ တို့ က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်း ကောင်စီဝင်များ အနေဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး ကို ပိုမို နက်ရှိုင်းစေခြင်း နှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ခြင်း တို့ဖြင့် စိန်ခေါ်မှုများကို ရင်ဆိုင်သွားရမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ပြင်သစ် နိုင်ငံ နှင့်အတူတကွ နှစ်နိုင်ငံ ဆက်ဆံရေး အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကာ ပိုမိုမြင့်မားသည့် အဆင့်သို့ ရောက်ရှိအောင် ဆောင်ရွက်လိုကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် လီခဲ့ချန် က တရုတ် နိုင်ငံ အနေဖြင့် ပြင်သစ် နိုင်ငံ မှ တရုတ် နိုင်ငံ သို့ ရင်းနှီးမြှုပ်နှံမှု နှင့် အရည်အသွေးမြင့် ပစ္စည်းများ တင်ပို့မှု ကို တိုးချဲ့ရန် ကြိုဆိုပြီး နည်းပညာမြင့် ပစ္စည်းများ တရုတ် နိုင်ငံ သို့ တင်ပို့မှု ကိုလည်း တိုးချဲ့စေလိုကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု ကို တိုးမြှင့် သွားပြီး ပူးပေါင်းဆောင်ရွက်မှု နယ်ပယ် ကို တိုးချဲ့သွားရမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ကာလတစ်လျှောက် ဥရောပ အသိုက်အဝန်း ဖော်ဆောင်မှု ကို ထောက်ခံအားပေးခဲ့ပြီး ပိုမို တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ပြီး စည်းလုံးသည့် အီးယူ အဖွဲ့အစည်း ကို မြင်တွေ့လိုကြောင်း ၊ အီးယူ အဖွဲ့အစည်း ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှု နှင့် ပတ်သက်၍ ယုံကြည်မှု တည်ရှိပြီး အီးယူ အဖွဲ့အစည်း နှင့် အတူတကွ နှစ်ဘက် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် ဆွေးနွေးမှု ကို တွန်းအားပေး ဆောင်ရွက်လိုကြောင်း ပြောကြား ခဲ့သည်။

ပြင်သစ် နိုင်ငံ သမ္မတ Emmanuel Macron က ပြင်သစ်-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး သည် ကျယ်ပြန့်သည့် အနက်အဓိပ္ပါယ် တည်ရှိပြီး ပြင်သစ် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် အတူတကွ ရေရှည်ပူးပေါင်းဆောင်ရွက်မှု အခြေခံ မှ တစ်ဆင့် နှစ်နိုင်ငံ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ကို စီမံဆောင်ရွက်သွားလိုကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် နှစ်ဘက်အားသာချက်များကို အသုံးပြု၍ သုသေတန လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ကာ ကဏ္ဍစုံ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားလိုကြောင်း ၊ အပြန်အလှန် အကျိုးဖြစ်ထွန်း စေမည့် စီးပွားရေး ဈေးကွက် ကို တိုးချဲ့ ဖွင့်လှစ်ပေးကာ နှစ်နိုင်ငံ ဆက်ဆံရေး နှင့် ဥရောပ-တရုတ် ဆက်ဆံရေး ကို ပိုမိုမြင့်မား သည့် အဆင့်သို့ ရောက်ရှိအောင် တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ၊ နှစ်နိုင်ငံ အတူတကွ လက်တွဲ၍ ကမ္ဘာ့တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.