Connect with us

Politics, Law & Military

တရုတ် နိုင်ငံ ဝန်ကြီးချုပ် က စင်ကာပူ နိုင်ငံ ကုန်သည်လုပ်ငန်းရှင်များ ပြုလုပ်သည့် ကြိုဆိုပွဲ တက်ရောက် ၍ မိန့်ခွန်းပြောကြား

တရုတ် နိုင်ငံ ဝန်ကြီးချုပ် က စင်ကာပူ နိုင်ငံ ကုန်သည်လုပ်ငန်းရှင်များ ပြုလုပ်သည့် ကြိုဆိုပွဲတွင် မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

စင်ကာပူ ၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် က နိုဝင်ဘာ ၁၃ ရက် ညပိုင်းအချိန်တွင် စင်ကာပူ နိုင်ငံ ကုန်သည်လုပ်ငန်းရှင်များ အသင်းချုပ် နှင့် တရုတ် ကုန်သည်လုပ်ငန်းရှင်များ အသင်းချုပ် တို့ ပူးပေါင်း ပြုလုပ်သည့် ကြိုဆိုပွဲ သို့ တက်ရောက်ခဲ့ပြီး မိန့်ခွန်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ ဝန်ကြီးချုပ် က ကြိုဆိုပွဲ တက်ရောက်စဉ် အတွင်း တရုတ် နိုင်ငံ အနေဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ အတွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ဆောင်ရွက်ကာ သိသာထင်ရှားသည့် ပြောင်းလဲမှုများ ဖြစ်ပေါ်စေခဲ့ကြောင်း ၊ စင်ကာပူ နိုင်ငံ အနေဖြင့်လည်း အောင်မြင်မှုသစ် များအား အဆက်မပြတ် ရရှိနိုင်ခဲ့ပြီး “စင်ကာပူအံ့ဖွယ်” ကို ဖန်တီးနိုင်ခဲ့ကြောင်း ၊ စင်ကာပူ နိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံများ မှ တစ်ဆင့် တရုတ် နိုင်ငံ က တန်ဖိုးရှိသော နမူနာများ ရရှိနိုင်ခဲ့ပြီး တရုတ် နိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်မှု ကလည်း စင်ကာပူ နိုင်ငံ အတွက် အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်ခဲ့ကြောင်း ၊ တရုတ်-စင်ကာပူ နှစ်နိုင်ငံ တွင် ထူးခြားသည့် ချစ်ကြည် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး တည်ရှိပြီး တရုတ် နိုင်ငံ အနေဖြင့် စင်ကာပူ နိုင်ငံ နှင့် အတူတကွ အပြန်အလှန် ချိတ်ဆက်မှု ၊ ငွေကြေး နှင့် ကုန်သွယ်ရေး ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု တို့အား အဆက်မပြတ် ပိုမို နက်ရှိုင်းအောင် တွန်းအားပေး ဆောင်ရွက်ကာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အား ပိုမိုမြင့်မားသည့် အဆင့်သို့ ရောက်ရှိအောင် ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် လီခဲ့ချန် က တရုတ် နိုင်ငံ အနေဖြင့် ပြုပြင်ပြောင်းလဲမှု နှင့် တံခါးဖွင့်မှု တို့အား ပိုမို တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ပြီး အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း ၊ ရေရှည် မက်ခရိုမူဝါဒ တည်ငြိမ်မှု ရရှိအောင် ထိန်းသိမ်းသွားပြီး တန်းတူညီမျှ သည့် စီးပွားရေး ပတ်ဝန်းကျင် အား ဖန်တီးပေးသွားမည် ဖြစ်ကြောင်း ၊ စင်ကာပူ နိုင်ငံ အပါအဝင် နိုင်ငံ အသီးသီး မှ လုပ်ငန်းရှင်များ မှ အခွင့်အရေး ကို ဆုပ်ကိုင်ပြီး တရုတ် နိုင်ငံ တွင် ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု တို့အား တိုးချဲ့ဆောင်ရွက်ကာ အပြန်အလှန် အကျိုးဖြစ်ထွန်းမှု ကို အကောင်အထည် ဖော်သွားရမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ စီးပွားရေး အနေဖြင့် အလုံးစုံ တည်ငြိမ်မှု ရှိပြီး အနာဂတ် တွင် ဖွံ့ဖြိုးတိုးတက်ရန် အတွက် အလားအလာ များစွာ ရှိကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.