Connect with us

Politics, Law & Military

တရုတ်-ကနေဒါ နှစ်နိုင်ငံ ဝန်ကြီးချုပ် တို့ တတိယ အကြိမ်မြောက် နှစ်နိုင်ငံ ဝန်ကြီးချုပ် နှစ်ပတ်လည် အစည်းအဝေး ကျင်းပ

တရုတ်-ကနေဒါ နှစ်နိုင်ငံ ဝန်ကြီးချုပ် တို့ ဒုတိယ အကြိမ်မြောက် နှစ်နိုင်ငံ ဝန်ကြီးချုပ် နှစ်ပတ်လည် အစည်းအဝေး ကျင်းပစဉ်(ဆင်ဟွာ)

စင်ကာပူ ၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် က စင်ကာပူ နိုင်ငံ တွင် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှု ထိပ်သီး အစည်းအဝေး နှင့် ဆက်စပ် အစည်းအဝေး တက်ရောက်စဉ် အတွင်း ကနေဒါ နိုင်ငံ ဝန်ကြီးချုပ် Justin Trudeau နှင့် တတိယ အကြိမ်မြောက် တရုတ်-ကနေဒါ နှစ်နိုင်ငံ ဝန်ကြီးချုပ် နှစ်ပတ်လည် အစည်းအဝေး ကျင်းပ ပြုလုပ် ခဲ့သည်။

အစည်းအဝေး တွင် တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် က တရုတ်-ကနေဒါ နှစ်နိုင်ငံ သည် အပြန်အလှန် အရေးပါသည့် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် နိုင်ငံများ ဖြစ်ကြပြီး နှစ်နိုင်ငံ ဆက်ဆံရေး မှာလည်း တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်လာကာ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု တွင် အောင်မြင်မှုများစွာ ရရှိခဲ့ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် နှစ်စဉ် ဝန်ကြီးချုပ် အစည်အဝေး ကျင်းပခြင်း က နှစ်နိုင်ငံ ဆက်ဆံရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်နေသည် ကို ပေါ်လွင်စေကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ကနေဒါ နိုင်ငံ နှင့် အတူတကွ အပြန်အလှန် လေးစားမှုထားရှိခြင်း နှင့် တန်းတူညီမျှ ဆက်ဆံခြင်း တိုးအား အခြေခံ၍ နှစ်နိုင်ငံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေး အား ဆက်လက်၍ တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေး ဆောင်ရွက်လိုကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် လီခဲ့ချန် က နှစ်နိုင်ငံ အနေဖြင့် စီးပွားရေး အရ အပြန်အလှန် အထောက်အကူ ပြုစေပြီး အနာဂတ် ပူးပေါင်းဆောင်ရွက်မှု အလားအလာ လွန်စွာ ကျယ်ပြန့်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ကနေဒါ နိုင်ငံ နှင့် အတူတကွ ကဏ္ဍ အသီးသီး ပူးပေါင်းဆောင်ရွက်မှု ကို တိုးချဲ့သွားပြီး လူမှုရေး နှင့် ယဉ်ကျေးမှု ဖလှယ်ရေး လုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်သွားလိုကြောင်း ၊ လက်ရှိချိန်တွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မူဝါဒ နှင့် လွတ်လပ်စွာ ကုန်သွယ်ရေး တို့ တိုက်ခိုက်မှု ခံနေရသောကြောင့် တရုတ် နိုင်ငံ အနေဖြင့် ကနေဒါ နိုင်ငံ နှင့် အတူတကွ နိုင်ငံတကာ စည်းစနစ် နှင့် လွတ်လပ်စွာ ကုန်သွယ်ရေး စနစ် တို့ကို ထိန်းသိမ်းသွားလိုကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ချုပ် ၏ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှု အပေါ် တံခါးဖွင့်ပေးသည့် ရပ်တည်မှု တည်ရှိသော်လည်း ပြောင်းလဲမှု က ကမ္ဘာလုံးဆိုင်ရာ ပုံစံ ပိုမိုကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရန် နှင့် လွတ်လပ်စွာ ကုန်သွယ်မှု အား ထိန်းသိမ်းနိုင်သော ပြောင်းလဲမှု ဖြစ်ရန် လိုအပ်ကြောင်း ပြောကြား ခဲ့သည်။

Justin Trudeau က ကနေဒါ-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး မှာ ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်နေပြီး နှစ်နိုင်ငံ အစိုးရ နှင့် ပြည်သူလူထု အကြား အနီးကပ် ဆက်ဆံရေး တည်ရှိကြောင်း ၊ ကနေဒါ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် အတူတကွ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီမှု ဆိုင်ရာ ဆွေးနွေးမှု အား တွန်းအားပေး ဆောင်ရွက်လိုကြောင်း ၊ ယင်းဆွေးနွေးမှု က ပြည်ပနိုင်ငံ များ၏ သက်ရောက်မှုများ ဖြစ်ပေါ်စေမည် မဟုတ်ဘဲ ကနေဒါ-တရုတ် နှစ်နိုင်ငံ မှ နှစ်နိုင်ငံ အကြား ကုန်သွယ်မှု နှင့် စီးပွားရေး ဆက်ဆံရေး ၊ လွတ်လပ်စွာ ကုန်သွယ်မှု အား ထိန်းသိမ်းရေး တို့အတွက် တက်ကြွစွာ ဆောင်ရွက်နေသည် ကို နိုင်ငံတကာ သို့ ဖေါ်ပြသွားလိုကြောင်း ၊ နှစ်နိုင်ငံ ကဏ္ဍ အသီးသီး လက်တွေ့ ပူးပေါင်းဆောင်ရွက်မှု အား ပိုမိုနက်ရှိုင်းအောင် ဆောင်ရွက်ပြီး နှစ်နိုင်ငံ ပြည်သူလူထု အတွက် အကျိုးဖြစ်ထွန်းမှုများ ပိုမို ဖန်တီးပေးသွားလိုကြောင်း ၊ WTO ၏ ပြုပြင်ပြောင်းလဲမှု နှင့် ပတ်သက်၍ တရုတ် နိုင်ငံ နှင့် ဆွေးနွေးညှိနှိုင်းဆောင်ရွက်မှု ကို ထိန်းသိမ်း သွားလိုကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် တွင် တရုတ်-ကနေဒါ နှစ်နိုင်ငံ တို့မှ “ပင်လယ် သမုဒ္ဒရာ အမှိုက်သရိုက် နှင့် ပလပ်စတစ် ဆိုင်ရာ ပူးတွဲ ကြေညာစာတမ်း” အား အတူတကွ ထုတ်ပြန်ကြေညာ ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.