Connect with us

Politics, Law & Military

တရုတ်နိုင်ငံဝန်ကြီးချုပ် အရှေ့အာရှခေါင်းဆောင်များ အစည်းအဝေးများ တက်ရောက်ရန် စင်ကာပူနိုင်ငံသို့ ထွက်ခွာ

တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီခဲ့ချန် (ယာ) နှင့် စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်း (ဝဲ) တို့ လာအိုနိုင်ငံတွင် ၂၀၁၆ခုနှစ် စက်တင်ဘာ ၆ရက် က တွေ့ဆုံစဉ် (ဆင်ဟွာ)

\ပေကျင်း၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီခဲ့ချန် သည် စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်း၏ ဖိတ်ကြားချက်အရ နိုဝင်ဘာ ၁၂ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့မှ စင်ကာပူနိုင်ငံသို့ တရားဝင် ခရီးစဉ် ထွက်ခွာလာခဲ့ပြီး အရှေ့အာရှပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ အစည်းအဝေးပွဲများသို့ တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

လီ၏ စင်ကာပူခရီးစဉ်အတွင်း ၎င်းသည် ၂၁ကြိမ်မြောက် တရုတ်-အာဆီယံ (၁၀+၁) ခေါင်းဆောင်များအစည်းအဝေး၊ ၂၁ကြိမ်မြောက် အာဆီယံ-တရုတ်၊ ဂျပန် နှင့် တောင်ကိုရီးယား (၁၀+၃) ခေါင်းဆောင်များအစည်းအဝေး နှင့် ၁၃ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေးများသို့ တက်ရောက်သွားမည်ဖြစ်သည်။

လီ နှင့်အတူ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံတော်ကောင်စီ အတွင်းရေးမှူးချုပ် ရှောင်ကျဲ လိုက်ပါသွားကြောင်း သိရသည်။ (Xinhua)