Politics, Law & Military
တရုတ် နိုင်ငံ သမ္မတ နှင့် ပနားမား နိုင်ငံ လွှတ်တော် ဥက္ကဋ္ဌ တွေ့ဆုံဆွေးနွေး
ပနားမားစီးတီး ၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)
တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ပနားမား နိုင်ငံ လွှတ်တော် ဥက္ကဋ္ဌ Yanibel Abrego တို့က ဒီဇင်ဘာ ၃ ရက်တွင် ပနားမား စီးတီး မြို့တွင် တွေ့ဆုံခဲ့ကြပြီး တွေ့ဆုံပွဲ သို့ ပနားမား နိုင်ငံ အဓိက ပါတီ များ မှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးမှု အတွင်း တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တရုတ် နိုင်ငံ နှင့် ပနားမား နိုင်ငံ တို့ သံတမန် ဆက်ဆံရေး ထူထောင်ခဲ့ခြင်းသည် နှစ်နိုင်ငံ ပြည်သူလူထု တို့အား ရေရှည်အကျိုးဖြစ်ထွန်းစေမည် ဖြစ်ပြီး ဆက်ဆံရေး ထူထောင်ပြီး ၁ နှစ် ခွဲကျော် ကာလ အတွင်း အောင်မြင်မှုများစွာ ရရှိခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် တရုတ် တစ်နိုင်ငံတည်း မူဝါဒ ကို အခြေခံ၍ ပနားမား နိုင်ငံ နှင့် အတူတကွ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားလိုကြောင်း ၊ နှစ်နိုင်ငံ ဥပဒေရေးရာ အဖွဲ့အစည်း များ အနေဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် အပြုသဘောဆောင်သည့် ဆောင်ရွက်မှုများ ပြုလုပ်သွား သင့်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ပနားမား နိုင်ငံ ရှိ ပါတီအသီးသီး နှင့် ပူးပေါင်းဆောင်ရွက်သွား လိုပြီး နှစ်နိုင်ငံချစ်ကြည် ပူးပေါင်းဆောင်ရွက်မှုများ အဆက်မပြတ် တွန်းအားပေး ဆောင်ရွက်သွား လိုကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် တွေ့ဆုံဆွေးနွေးမှုများ မှ တစ်ဆင့် အပြန်အလှန် နားလည်မှု နှင့် ယုံကြည်မှု တို့အား ပိုမိုနက်ရှိုင်းအောင် ဆောင်ရွက်သွားပြီး အပြန်အလှန် အဓိက အကျိုးစီးပွား နှင့် သက်ဆိုင်သော ကိစ္စရပ်များတွင် ထောက်ခံသွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ပနားမား နိုင်ငံ လွှတ်တော် ဥက္ကဋ္ဌ Yanibel Abrego က ပနားမား နိုင်ငံ ကဏ္ဍအသီးသီး အနေဖြင့် တရုတ် နိုင်ငံ သမ္မတ ၏ လာရောက်လည်ပတ်မှု အပေါ် တက်ကြွစွာ ကြိုဆိုကြောင်း ၊ ၁၉ ရာစု အလယ်ပိုင်း အချိန် မှ စတင်၍ တရုတ်လူမျိုးများ က ပနားမား နိုင်ငံ သို့ ရောက်ရှိလာခဲ့ပြီး လက်ရှိချိန်တွင် ပနားမား နိုင်ငံ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု တွင် လွန်စွာ အရေးပါသည့် ကဏ္ဍတွင် ပါဝင်နေကြောင်း ၊ ပနားမား-တရုတ် သံတမန် ဆက်ဆံရေး ထူထောင်ခြင်း သည် ပနားမား နိုင်ငံ ပါတီ အသီးသီး ၏ ဘုံသဘောထား ဖြစ်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အတွက် အလားအလာ ကျယ်ပြန့်စွာ ဖွင့်လှစ် နိုင်ခဲ့ကြောင်း ၊ ယခုအကြိမ် တရုတ် နိုင်ငံ သမ္မတ မှ ပနားမား နိုင်ငံ သို့ လာရောက်လည်ပတ်ခြင်း က နှစ်နိုင်ငံ ဆက်ဆံရေး အား ပိုမိုခိုင်မာစေမည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)