Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ နှင့် ပနားမား နိုင်ငံ သမ္မတ တွေ့ဆုံဆွေးနွေး


ပနားမား စီးတီး ၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ပနားမား နိုင်ငံ သမ္မတ Juan Carlos Varela တို့က ဒီဇင်ဘာ ၃ ရက် တွင် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့ပြီး နှစ်နိုင်ငံ သမ္မတ တို့က တရုတ်-ပနားမား သံတမန် ဆက်ဆံရေး ထူထောင်ပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်လာမှု နှင့် ပူးပေါင်းဆောင်ရွက်မှု မှ ရရှိခဲ့သည့် အောင်မြင်မှု များအပေါ် လွန်စွာ ချီးမွမ်း ခဲ့ကြကာ နှစ်နိုင်ငံဆက်ဆံရေး ရှေ့ဆက်တိုးတက်အောင် ဆောင်ရွက်ရန် သဘောတူညီမှုများစွာ ရရှိနိုင်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးမှု အတွင်း တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်ခဲ့သည့် တစ်နှစ်ခွဲ ကာလ အတွင်း နှစ်နိုင်ငံ ဆက်ဆံရေး မှာ အားအင်တောင့်တင်းစွာ တိုးတက်လာခဲ့ပြီး အပြန်အလှန် သွားရောက်လည်ပတ်မှုများ ပြုလုပ်နိုင်ခဲ့ကြောင်း ၊ နှစ်နိုင်ငံ နိုင်ငံရေး အရ အပြန်အလှန် ယုံကြည်မှု တစ်နေ့တစ်ခြား ပိုမိုနက်ရှိုင်းလာခဲ့ပြီး ခေတ်သစ်ပိုးလမ်းမကြီး အတူတကွ တည်ဆောက်ခြင်း ကို အခြေခံ၍ ကဏ္ဍအသီးသီးပူးပေါင်းဆောင်ရွက်မှု လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာပြီး ထင်ရှားသည့် အောင်မြင်မှုများ ရရှိခဲ့ကြောင်း ၊ တရုတ်-ပနားမား သံတမန် ဆက်ဆံရေး ထူထောင်ခြင်း သည် နှစ်နိုင်ငံ ပြည်သူလူထု တို့အား အကျိုးဖြစ်စေကြောင်း ကို လက်တွေ့ ဖော်ပြနိုင်ခဲ့ကြောင်း ၊ နိုင်ငံတကာ အခြေအနေ မည်သို့ပြောင်းလဲစေကာမှု တရုတ် နိုင်ငံ အနေဖြင့် ပနားမား နိုင်ငံ နှင့် ဆက်ဆံရေးအား ခိုင်မာစွာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ပနားမား နိုင်ငံ အစိုးရ ၏ ပြည်သူလူထု များအတွက် ဆောင်ရွက်မှုများ အပေါ် ထောက်ခံအားပေးပြီး ပနားမား နိုင်ငံ ၏ ဒေသတွင်း စီးပွားရေး ပေါင်းစပ်မှု နှင့် အပြန်အလှန် ချိတ်ဆက်မှုများ အပေါ် ဆောင်ရွက်မှုများအား ထောက်ခံကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် တရုတ် နိုင်ငံ သမ္မတ က မိမိ နှင့် ပနားမား နိုင်ငံ သမ္မတ တို့တွင် အရေးပါသည့် တူညီချက် တစ်ခု မှာ ပြည်သူ့ဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများ ပြုလုပ်ရန် ဖြစ်ပြီး ယင်းအတွေးအခေါ် က နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်ရန် လမ်းညွှန်ပေးခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ပနားမား နိုင်ငံ အဆင့်မြင့် အရာရှိများ နှင့် အနီးကပ် ဆက်ဆံရေး ထားရှိလိုပြီး ပါတီ အကြား ဖလှယ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှုလည်း ပြုလုပ်သွားလိုကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ပနားမား နိုင်ငံ မှ ထိုင်ဝမ် စသည့် တရုတ် နိုင်ငံ အဓိက အကျိုးစီးပွား နှင့် ဆက်နွယ်မှုရှိသော ကိစ္စရပ် များတွင် ခိုင်မြဲစွာ ထောက်ခံအားပေးခဲ့သည့် အပေါ် လွန်စွာ ချီးမွမ်းကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ကာလ တစ်လျှောက် အခြားနိုင်ငံ ပြည်တွင်းရေး အား ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့ဘဲ ပနားမား နိုင်ငံ ၏ နိုင်ငံတကာ နှင့် ဒေသတွင်း ကိစ္စရပ်များစွာ ပိုမိုသက်နိုင်မှု ရှိစေရန် ထောက်ခံအားပေးကြောင်း အထူး ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ပနားမား နိုင်ငံ သမ္မတ Juan Carlos Varela တို့က ဒီဇင်ဘာ ၃ ရက် ၌ တွေ့ဆုံစဉ်(ဆင်ဟွာ)

ပနားမား နိုင်ငံ သမ္မတ Juan Carlos Varela က တရုတ် နိုင်ငံ သမ္မတ ၏ သမိုင်းတွင် စေမည့် လည်ပတ်မှု အပေါ် လွန်စွာကြိုဆိုပြီး တရုတ် နိုင်ငံ သမ္မတ ၏ လည်ပတ်မှု က နှစ်နိုင်ငံ ပြည်သူလူထု အကြား ချစ်ကြည်ရေး ကို ပိုမို နီးကပ်စေမည် ဖြစ်ကြောင်း ၊ ပနားမား-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး ထူထောင်ခဲ့ပြီးနောက် တွင် နှစ်ဘက်ဆက်ဆံရေး က ကြီးမားစွာ တိုးတက်လာခဲ့ပြီး နှစ်နိုင်ငံ ခေါင်းဆောင် တို့၏ သဘောတူညီချက်များလည်း ကောင်းမွန်စွာ လက်တွေ့ အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း ၊ ပနားမား နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ မှ ပနားမား နိုင်ငံ လူမှုရေး နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် ထောက်ခံအားပေးမှု များကို ကျေးဇူးတင်ရှိကြောင်း ၊ ပနားမား နိုင်ငံ အနေဖြင့် တရုတ် တစ်နိုင်တည်း မူဝါဒ အား ခိုင်မြဲစွာ လိုက်နာပြီး ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု အား ထောက်ခံအားပေးကာ ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားလိုကြောင်း ၊ ပနားမား နိုင်ငံ အနေဖြင့် မိမိ နိုင်ငံ ၏ တည်နေရာ အားသာချက်ဖြင့် တရုတ် နိုင်ငံ နှင့် အမေရိကတိုက် အလယ်ပိုင်း ၊ လတ်တင်အမေရိက တို့အား ချိတ်ဆက်ပေးသွားလိုကြောင်း ၊ ပနားမား-တရုတ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု က နှစ်နိုင်ငံ ပြည်သူလူထု အပြင် ဒေသတွင်း ပြည်သူလူထု တို့အား အကျိုးဖြစ်ထွန်းစေမည် ဖြစ်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကျိုးဖြစ်ထွန်းစေမည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် တွင် တရုတ် နိုင်ငံ သမ္မတ နှင့် ပနားမား နိုင်ငံ သမ္မတ တို့၏ ရှေ့မှောက်တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ စာချုပ်များ လက်မှတ်ရေးထိုး ခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.