Politics, Law & Military
တရုတ် နိုင်ငံ သမ္မတ နှင့် အိန္ဒိယ နိုင်ငံ ဝန်ကြီးချုပ် တို့ ယဉ်ကျေးမှု ပြပွဲ အား အတူတကွတက်ရောက်
ဝူဟန့် ၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)
တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ဧပြီလ ၂၇ ရက်နေ့ ညနေပိုင်း အချိန်တွင် တရုတ် နိုင်ငံ သို့ အလွတ်သဘော တွေ့ဆုံမှု ပြုလုပ်ရန် ရောက်ရှိလာသည့် အိန္ဒိယ နိုင်ငံ ဝန်ကြီးချုပ် နာရန္ဒြာမိုဒီ နှင့် တွေ့ဆုံ ခဲ့ပြီး ယဉ်ကျေးမှု ပြပွဲ ကို အတူတကွ တက်ရောက် ခဲ့သည်။
တရုတ် နိုင်ငံ သမ္မတ နှင့် အိန္ဒိယ နိုင်ငံ ဝန်ကြီးချုပ် တို့သည် တရုတ် နိုင်ငံ ဟူပိန် ပြည်နယ် ပြတိုက် တွင် ကျင်းပ ပြုလုပ်နေသည့် ယဉ်ကျေးမှု ပြပွဲ ကို အတူတကွ တက်ရောက် ခဲ့ကြပြီး ယဉ်ကျေးမှု ပစ္စည်းများ အား လေ့လာကြည့်ရှု ခဲ့ကြသည်။
တရုတ်-အိန္ဒိယ နှစ်နိုင်ငံ ခေါင်းဆောင် တို့အနေဖြင့် သမိုင်းကြောင်း ရှည်လျားသည့် တရုတ် ယဉ်ကျေးမှု ပစ္စည်းများ နှင့် ရှေးဟောင်း တရုတ် ယဉ်ကျေးမှု အစဉ်အလာ များကို လေ့လာကြည့်ရှု ခဲ့ကြသည်။နှစ်နိုင်ငံ ခေါင်းဆောင် အနေဖြင့် ရှည်လျား သည့် သမိုင်းကြောင်း ရှိခဲ့သည့် နှစ်နိုင်ငံ ၏ ယဉ်ကျေးမှု ဖလှယ်ခြင်း နှင့် အပြန်အလှန်လေ့လာခြင်း ဆိုင်ရာ သဘောထား အမြင်များ ကို ဖလှယ် ခဲ့ကြပြီး မတူညီသည့် ယဉ်ကျေးမှု များအား အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲတည်ရှိရေး ကို တွန်းအားပေး ဆောင်ရွက်ရန် သဘောထား အမြင်များကို ဖလှယ် ခဲ့ကြသည်။(Xinhua)