Connect with us

Politics, Law & Military

ဆင်ဟွာသတင်းဌာနက ဗီယက်နမ်သတင်းဌာနနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်မည်

ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ချိုက်မင်းကျို (ယာ) နှင့် ဗီယက်နမ် သတင်းဌာန အထွေထွေ ညွှန်ကြားရေးမှူး Nguyen Duc Loi တို့ လက်ဆွဲနှုတ်ဆက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ချိုက်မင်းကျိုသည် ဧပြီလ ၂၅ ရက်က ဗီယက်နမ် သတင်းဌာန (Vietnam News Agency= VNA) အထွေထွေ ညွှန်ကြားရေးမှူး Nguyen Duc Loi နှင့် တွေ့ဆုံကာ နှစ်ဘက် ပူးပေါင်းဆောင်ရွက်မှု ပိုမို တိုးမြှင့်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆင်ဟွာနှင့် VNA တို့သည် နိုင်ငံပိုင် သတင်းဌာနများ ဖြစ်သည့်အားလျော်စွာ တရုတ်-ဗီယက်နမ် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု အားကောင်းစေသော ခိုင်မာသည့် မီဒီယာဝန်းကျင် တစ်ခု ဖန်တီးရေးအတွက် တာဝန်ရှိကြောင်း ချိုက်က ပြောကြားခဲ့သည်။

ဆင်ဟွာအနေဖြင့် နှစ်နိုင်ငံ ခေါင်းဆောင်များနှင့် နိုင်ငံရေးပါတီနှစ်ခုမှ ခေါင်းဆောင်များ သဘောတူညီချက်များအား လိုက်ပါ၍ သတင်းတင်ပြချက်များအားဖြင့် တရုတ်-ဗီယက်နမ် ဆက်ဆံရေး မြှင့်တင်ရန် VNA နှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်သွားမည် ဖြစ်ကြောင်း ချိုက်က ဆိုသည်။

၎င်းက သတင်းဌာန နှစ်ခုလုံးအနေဖြင့် တရုတ်-ဗီယက်နမ် ဆက်ဆံရေး၏ ကောင်းမွန်သော သတင်းပေးပို့ချက်အား ထောက်ပံ့ပေးခြင်း၊ ခရီးစဉ် ဖလှယ်သည့် လုပ်ထုံးလုပ်နည်းအား ပိုမိုခိုင်မာစေခြင်း၊ စီးပွားရေး သတင်းနှင့် အချက်အလက်များ တိုးတက်စေခြင်းနှင့် ဗီဒီယိုနှင့် ရုပ်မြင်သံကြား ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ခြင်းများအတွက် အကြံပြုထားသည်။

VNA အထွေထွေ ညွှန်ကြားရေးမှူး Nguyen Duc Loi ကလည်း ယခုနှစ်သည် VNA နှင့် ဆင်ဟွာအကြား ပူးပေါင်းဆောင်ရွက်မှု နှစ် ၆၀ ပြည့်နှစ် ဖြစ်ကြောင်း၊ ဆင်ဟွာက ကာလရှည် ထောက်ပံ့ခြင်းနှင့် အကူအညီ အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

VNA အနေဖြင့် ဆင်ဟွာထံမှ လေ့လာရန် ဆန္ဒရှိကြောင်းနှင့် ဝန်ထမ်း လေ့ကျင့်ရေးနှင့် သတင်းအချက်အလက် ဖလှယ်ရေးနယ်ပယ်များ၌ ဆင်ဟွာနှင့်အတူ ပိုမိုပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း Loi က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.