Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အမေရိကန်လွှတ်တော် အမတ်များ နှင့် တွေ့ဆုံ

တရုတ်သမ္မတရှီကျင့်ဖိန်သည် ၀ါရှင်တန်ဒီစီ ရှိ ကက်ပီတယ် ဟေးလ်၌ အမေရိကန်လွှတ်တော်အမတ်များနှင့် စက်တင်ဘာလ၂၅ရက်နေ့ကတွေ့ဆုံစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊ စက်တင်ဘာ ၂၅ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံသို့ တရားဝင် ချစ်ကြည် လည်ပတ်ရေး ခရီး ရောက်ရှိနေသော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ကက်ပီတယ် ဟေးလ်၌ အမေရိကန် လွှတ်တော်အမတ်များနှင့် သောကြာနေ့က တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ကြား မတူညီသောအကြောင်းအရာများအား သင့်လျော်ပြီး အပြုသဘောဆောင်သည့် နည်းလမ်းများ ဖြင့် စီမံခန့် ခွဲနိုင်ရန် ဆွေးနွေးခဲ့ကြသည်။

ရှီသည် အထက်လွှတ်တော် အမတ် အများစု ပါတီ ခေါင်းဆောင် မစ်ချ် မက်ကောနယ်လ်၊ အထက်လွှတ်တော်အမတ် အနည်းစု ပါတီခေါင်းဆောင် ဟယ်ရီ ရေ့ဒ်၊ အောက်လွှတ်တော်ဥက္ကဌ ဂျွန် ဘိုဟ်နာ၊အောက်လွှတ်တော် အမတ် အနည်းစုပါတီခေါင်းဆောင် နန်စီ ပယ်လ်လိုစီ၊ အထက်လွှတ်တော် နှင အောက်လွှတ်တော် ကော်မတီမှ ခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့သည်။ ထို့နောက် ရှီမှ လွန်ခဲ့သောနှစ်များအတွင်း တရုတ်-အမေရိကန် ဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် ထောက်ပံ့ပေးခဲ့သော နှစ်နိုင်ငံမှ ဥပဒေပြုအဖွဲ့အစည်းများကို ကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။

တရုတ်သမ္မတ သည် နှစ်နိုင်ငံအနေဖြင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေးမျိုးကို ၎င်းတို့၏ မျိုးဆက်သစ် ရင်သွေးများ အတွက် ထားရှိသင့်ရုံသာမက ပန်းတိုင်တစ်ခု အနေအဖြစ်သတ်မှတ်ပြီး နှစ်ဖက်လုံး ရေရှည်အားထုတ်သင့်ပါကြောင်း ပြောကြားခဲ့သည်။
နှစ်ဦးနှစ်ဖက်လုံးသည် ပူးပေါင်းဆောင်ရွက်မှုကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်သင့်ကြောင်း၊ နှစ်နိုင်ငံကြား မတူညီသော အရာများကို စီမံခန့်ခွဲ ထိန်းညှိသွားသင့်ကြောင်း နှင့် ထိုသို့လုပ်ဆောင်ခြင်း ဖြင့်နှစ်နိုင်ငံ ရှိပြည်သူများ သာမက ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံများပါ ကောင်းကျိုးဖြစ်ထွန်းနိုင်ကြောင်း ရှီကပြောကြားခဲ့သည်။

ရှီမှ နှစ်နိုင်ငံလုံးသည် တူညီသော အကျိုးစီးပွား နှင့် ကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှုများကို ခိုင်မာတောင့်တင်းလာစေကြောင်းပြောကြားခဲ့သည်။

အမေရိကန်သို့ ချစ်ကြည်ရေးရောက်ရှိနေသော တရုတ်သမ္မတရှီကျင့်ဖိန်အား အမေရိကန် လွှတ်တော် အမတ်များက ကြိုဆိုခဲ့ကြပြီး လွှတ်တော်အနေဖြင့် နှစ်နိုင်ငံရင်းနှီးချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးတို့ ပိုမိုခိုင်မာလာစေရန်ဆောင်ရွက်ရာတွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍ မှ ပါဝင်လိုပါကြောင်း ပြောကြားခဲ့သည်။

ရှီမှလည်း တရုတ်နိုင်ငံ စီးပွားရေး၊ ရာသီဥတုပြောင်းလဲမှု၊ တောင်တရုတ်ပင်လယ်အရေး၊ လူ့အခွင့်အရေး၊ ဆိုက်ဘာလုံခြုံရေး၊ ရင်းနှီးမြှပ်နှံမှုနယ်ပယ်၊ အခြားကိစ္စရပ်များနှင့်ပတ်သက်၍ လွှတ်တော်အမတ်များနှင့် အမြင်ချင်းဖလှယ်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.