Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှစ် (၇၀) ပြည့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ထူထောင်ခြင်း အထိန်းအမှတ် အခမ်းအနား တွင် ပြောကြားသည့် မိန့်ခွန်း မှ အရေးပါသည့် အချက်များ

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ ထူထောင်ခြင်း နှစ် (၇၀) ပြည့် အခမ်းအနား ၌ မိန့်ခွန်းပြောကြား နေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ ထူထောင်ခြင်း နှစ် (၇၀) ပြည့် အခမ်းအနား ၌ မိန့်ခွန်းပြောကြား ရာတွင် အောက်ပါအရေးပါသည့် အချက်များ အား ပြောကြား ခဲ့သည်။

၁.မိမိ တို့အနေဖြင့် ယနေ့တွင် စုစည်း ကာ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ ထူထောင်ခြင်း နှစ် (၇၀) ပြည့် အထိမ်းအမှတ် အခမ်းအနား အား ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့ပြီး ယခုချိန်တွင် တရုတ် နိုင်ငံ ရှိ တိုင်းရင်းသားလူမျိုးများအားလုံး နှင့် ပင်လယ်ရပ်ခြားရှိ တရုတ်လူမျိုးများ အားလုံး လွန်စွာ ပျော်ရွှင်နေကြမည် ဖြစ်ကြောင်း ၊ မိမိ တို့၏ ကြီးကျယ်ခမ်းနား သော အမိမြေ နိုင်ငံ အတွက် ဂုဏ်ယူ နေကြမည် ဖြစ်ပြီး ကြီးကျယ်ခမ်းနား သော အမိမြေ နိုင်ငံ အတွက် လှိုက်လှိုက်လှဲလှဲ ဆုမွန်ကောင်း တောင်းပေးကြမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

၂.လွန်ခဲ့သည့် နှစ် (၇၀) အချိန် က တရုတ် နိုင်ငံ ခေါင်းဆောင် မော်စီတုန်း မှ နိုင်ငံတကာ အား တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ စတင် ထူထောင်ကြောင်း ကြေညာ ခဲ့ပြီး တရုတ် လူမျိုးများ ကလည်း ပြန်လည် ရပ်တည် နိုင်ခဲ့ကြောင်း ၊ ယင်းဆောင်ရွက်မှု က လွန်စွာ ကြီးမားသည့် ဆောင်ရွက်မှု တစ်ခု ဖြစ်ပြီး လတ်တလော ရာစုနှစ် အတွင်း ဆင်းရဲနွမ်းပါးပြီး အနိုင်ကျင့်ခံရသော ကံကြမ္မာ ကို ပြောင်းလဲ နိုင်ခဲ့ကာ တရုတ် လူမျိုးအားလုံး မဟာ ပြန်လည် ဖွံ့ဖြိုးတိုးတက်ရေး ခမ်းနားသော ခရီးကို လျှောက်လှမ်း နိုင်စေခဲ့ကြောင်း ပြောကြား ခဲ့သည်။

၃.နှစ်ပေါင်း (၇၀) အတွင်း တရုတ် နိုင်ငံ ပြည်သူလူထု အားလုံး က စည်းလုံးညီညွတ်စွာ ဖြင့် အခက်အခဲများ ကို ဖြတ်ကျော် ကာ ကမ္ဘာ့ နိုင်ငံ အသီးသီး မှ အံ့အားသင့်စေသော မဟာ အောင်မြင်မှုများကို ရရှိနိုင်ခဲ့ကြောင်း ၊ လက်ရှိချိန်တွင် ဆိုရှယ်လစ်ဝါဒ တရုတ် နိုင်ငံ က ကမ္ဘာ့ အရှေ့တိုင်း တွင် မြင့်မားစွာ ရပ်တည်နိုင်ခဲ့ပြီး မည်သည့် အင်အား မှ မိမိ တို့၏ အမိမြေ နိုင်ငံ ၏ အနေအထား ကို လှုပ်ရှားနိုင်မည် မဟုတ်ကြောင်း ၊ တရုတ် နိုင်ငံ ပြည်သူလူထု နှင့် တရုတ် လူမျိုး တို့ ၏ ရှေ့ဆက် ချီတက်မှု ကိုလည်း တားဆီး နိုင်မည် မဟုတ်ကြောင်း ပြောကြား ခဲ့သည်။

၄.မိမိ တို့ ရှေ့ဆက်ချီတက်မည့် ခရီးစဉ် တွင် တရုတ် နိုင်ငံ ကွန်မြူနစ် ပါတီ ၏ ဦးဆောင်မှု ကို ခိုင်မြဲစွာ စောင့်တည်ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

၅.ရှေ့ဆက် ချီတက်မည့် ခရီးစဉ် တွင် ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး နှင့် တစ်နိုင်ငံ မူဝါဒ နှစ်ခု လမ်းစဉ် ကို ခိုင်မြဲစွာ စောင့်တည်ရမည် ဖြစ်ကြောင်း ၊ ဟောင်ကောင် နှင့် မကာအို ရေရှည်တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ကို ထိန်းသိမ်းသွားရမည် ဖြစ်ပြီး ထိုင်ဝမ် ရေလက်ကြား နှစ်ဖက် ဆက်ဆံရေး ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ တရုတ် လူမျိုး အားလုံး စည်းလုံးညီညွတ်အောင် ဆက်လက် ဆောင်ရွက်သွားပြီး အမိမြေ နိုင်ငံ အလုံးစုံ ပြန်လည် ပေါင်းစည်းရေး အတွက် ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

၆.ရှေ့ဆက် ချီတက်မည့် ခရီးစဉ် တွင် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ် ကို ခိုင်မြဲစွာ စောင့်တည်သွားရမည် ဖြစ်ပြီး အပြန်အလှန် အကျိုးဖြစ်ထွန်းစေသည့် တံခါးဖွင့် မဟာဗျူဟာ ကို ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ ဆက်လက်၍ ကမ္ဘာ့ နိုင်ငံ အသီးသီး ရှိ ပြည်သူလူထု များနှင့် အတူတကွ လူများမျိုးနွယ် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း အတူတကွ တည်ဆောက်ရေး ကို တွန်းအားပေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

၇.တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် နှင့် ပြည်သူ့ လက်နက်ကိုင် ရဲတပ်ဖွဲ့ က ပြည်သူ ကို အကာအကွယ်ပေးသည့် ဦးတည်ချက် အား ထာဝရ ထိန်းသိမ်းသွားရမည် ဖြစ်ပြီး တရုတ် နိုင်ငံ အချုပ်အခြာ အာဏာ လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွား ကို ခိုင်မြဲစွာ ထိန်းသိမ်းသွားကာ ကမ္ဘာ့ငြိမ်ချမ်းရေး ကို ခိုင်မြဲစွာ ထိန်းသိမ်းသွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

၈.တရုတ် နိုင်ငံ ၏ မနေ့ က လူသားမျိုးနွယ်၏ သမိုင်းတွင် ရေးသွင်းသွားခဲ့ပြီး ဖြစ်ကာ တရုတ် နိုင်ငံ ၏ ယနေ့ က သန်းပေါင်းများစွာ ပြည်သူလူထု တို့၏ လက်၌ တည်ဆောက်နေသဖြင့် တရုတ် နိုင်ငံ ၏ နောင်တစ်နေ့ က ပိုမိုလှပမည် မှာ သေချာကြောင်း ၊ ပါတီ ၊ တပ်ဖွဲ နှင့် ပြည်သူ့ တစ်ရပ်လုံး က ပိုမို နီးကပ်စွာ စည်းလုံးညီညွတ်ရမည် ဖြစ်ပြီး မူလရည်မှန်းချက် နှင့် တာဝန် ကို မမေ့ဘဲ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ အား ပိုမို ခိုင်မာအောင် နှင့် ပိုမို ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်အောင် ဆက်လက် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ ဆက်လက်၍ နှစ် ၁၀၀ ကြိုးပမ်းဆောင်ရွက်မှု ရည်မှန်းချက် နှစ်ခု အား အကောင်အထည် ဖော်သွားပြီး တရုတ်လူမျိုး တစ်ရပ်လုံး ပြန်လည် ဖွံ့ဖြိုးတိုးတက်ရေး ဟူသည့် တရုတ် ပြည်သူတို့၏ အိပ်မက် ကို ကြိုးပမ်း အကောင်အထည် ဖော်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.