Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဇနီး ဖျိန်လိယွမ် တို့အား ဗြိတိန် နိုင်ငံ ဝေလ နယ်စား ချားလ်စ် မင်းသား နှင့် ကြင်ရာတော် တို့ တွေ့ဆုံ

တရုတ်သမ္မတ ရှီကျင့်ဖိန် နှင့် ဇနီး ဖျိင်လိယွမ် အား ဗြိတိန် မင်းသား ချားစ် နှင့် ကြင်ယာတော် ကမ်မီလာ တို့ အောက်တိုဘာ (၂၀)ရက်နေ့က ဘက်ကင်ဟမ်နန်းတော်၌ လာရောက်တွေ့ဆုံစဉ် (ဆင်ဟွာ)

လန်ဒန် ၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဇနီး ဖျိန်လိယွမ် တို့အား အောက်တိုဘာ ၂၀ ရက်နေ့တွင် ဗြိတိန် နိုင်ငံ ဝေလ နယ်စား မင်းသား ချားလ်စ် နှင့် ကြင်ရာတော် တို့က လန်ဒန် မြို့တွင် တွေ့ဆုံခဲ့ကြသည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဇနီး တို့ Clarence House သို့ရောက်ရှိခဲ့ချိန်တွင် မင်းသား ချားလ်စ် နှင့် ကြင်ရာတော် တို့က ကြိုဆိုခဲ့ကြသည်။ ၎င်းတို့ လေးဦးမှ ဗြိတိန် ရိုးရာ တေးသီချင်း များ ၊ ဗြိတိန် နိုင်ငံရောက် တရုတ် နိုင်ငံ ကျောင်းသား များ၏ ပန်းချီများ ၊ အနုပညာ လက်ရာများ ကိုကြည့်ရူနားဆင် ခဲ့ပြီးနောက် ဆွေးနွေး ပြောဆိုမှု များပြုလုပ်ခဲ့ကြသည်။

တရုတ်သမ္မတ ရှီကျင့်ဖိန် နှင့် ဇနီး ဖျိင်လိယွမ်၊ ဗြိတိန် မင်းသား ချားလ်စ် နှင့် ကြင်ယာတော် ကမ်မီလာ တို့ အောက်တိုဘာ (၂၀) ရက်နေ့က ဘက်ကင်ဟမ် နန်းတော်၌ တွေ့ဆုံဆွေးနွေးနေစဉ် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တရုတ်-ဗြိတိန် နှစ်နိုင်ငံ ဆက်ဆံရေး ဆတက်ထမ်းပိုး တိုးတက်လာခဲ့ပြီး မဟာဗျူဟာ ပုံစံ နှင့် ကမ္ဘာ့ လုံးဆိုင်ရာ ထိရောက်မှု ပိုမို ရှိလာခဲ့ကြောင်း ၊ ဗြိတိန် နိုင်ငံ တော်ဝင် မိသားစု မှ တရုတ်-ဗြိတိန် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ရေး အတွက် အလွန် အလေးထားသည်ကို သိရှိရသည့် အတွက် အလွန် ဝမ်းမြောက်မိကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဗြိတိန် နိုင်ငံ နှင့် အတူတကွ အပြန်အလှန် ဆက်ဆံမှု တိုးတက်ရေး အတွက် တွန်းအားပေးဆောင်ရွက်သွားမည် ဖြစ်ပြီး ဗြိတိန် တော်ဝင် မိသားစု များအား တရုတ် နိုင်ငံ သို့ လာရောက်လည်ပတ်ကြရန် ဖိတ်ခေါ်ကြောင်း ပြောကြား ခဲ့သည်။

ချားလ်စ် မင်းသား မှ တရုတ် နိုင်ငံ သမ္မတ မှ ဗြိတိန် နိုင်ငံ သို့ လာရောက် လည်ပတ် ခဲ့သည့် အတွက် ကြိုဆိုကြောင်း ၊ ဤ လည်ပတ်ရေး ခရီးစဉ် အောင်မြင်စွာ ပြီးဆုံးပြီး အောင်မြင်မှု များစွာ ရရှိရန် မျှော်လင့်ကြောင်း ၊ ဗြိတိန်-တရုတ် နှစ်နိုင်ငံ သည် သမိုင်းကြောင်း ရှည်လျားသော တောက်ပသည့် ယဉ်ကျေးမှု အစဉ်အလာ များရှိကြောင်း ၊ ရိုးရာ ယဉ်ကျေးမှု ကို ဆက်လက် ထိန်းသိမ်း သွားရန် မှာ အလွန် အရေးပါပြီး နှစ်နိုင်ငံ အနေဖြင့် ဤ ကိစ္စ ရပ် နှင့် ပတ်သက်၍ ကြိုးပမ်း ပူးပေါင်းဆောင်ရွက် သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ရှီကျင့်ဖိန် နှင့် ချားလ်စ် မင်းသား တို့သည် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး ၊ ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေး ၊ ကာဘွန် ဓာတ်ငွေလျှော့ချရေး ၊ စွမ်းအင် သန့်ရှင်းရေး စသည့် ကဏ္ဍ များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ကဏ္ဍစုံ ပူးပေါင်း ဆောင်ရွက်မှု တိုးချဲ့ရန် လက်ခံကြောင်း ပြောကြား ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.