Connect with us

Politics, Law & Military

တရုတ် ရေတပ်ဆေးသင်္ဘော ဂုဏ်ပြုချီးမြှင့်ခံရ

တရုတ် ရေတပ်ဆေးသင်္ဘော Peace Ark ကို တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ကျိုး၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ထူးချွန်ပြောင်မြောက်သော တာဝန်ထမ်းဆောင်မှုကို အသိအမှတ်ပြုသောအားဖြင့် တရုတ် ရေတပ်ဆေးသင်္ဘော Peace Ark ကို “ခေတ်ကာလ၏ စံပြ” ဆုတံဆိပ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ကျိုးစန်း ရေတပ်ဆိပ်ကမ်း၌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေးဌာန အဆိုပါ ဆုံးဖြတ်ချက်ကို ကြေညာခဲ့သည်။

Peace Ark သည် စတင်တာဝန်ထမ်းဆောင်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်း Mission Harmony အဖြစ် နိုင်ငံနှင့် ဒေသပေါင်း ၄၃ ခုသို့ သွားရောက်ကာ အပြည့်အဝ တာဝန်ထမ်းဆောင်ခဲ့သလို ပြည်သူ ၂၃၀,၀၀၀ ကျော်အတွက် ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများ ထောက်ပံ့ပေးနိုင်ခဲ့ပြီး ခရီးအကွာအဝေးအားဖြင့် ရေမိုင် ၂၄၀,၀၀၀ မိုင်ထိ သွားရောက်ခဲ့ကြောင်း သိရသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.