Connect with us

Politics, Law & Military

တရုတ် နိုင်ငံ အစိုးရ က နန်ကျင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရသူများ အတွက် ၂၀၁၉ ခုနှစ် နိုင်ငံတော် အဆင့် အောက်မေ့ ဂါရဝပြု အခမ်းအနား ကျင်းပ

နန်ကျင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရသူများ အတွက် ၂၀၁၉ ခုနှစ် နိုင်ငံတော် အဆင့် အောက်မေ့ဂါရဝပြု အခမ်းအနား ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

နန်ကျင်း ၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ အစိုးရ က ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်း တွင် နန်ကျင်း မြို့ ၌ နန်ကျင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရသူများ အတွက် ၂၀၁၉ ခုနှစ် နိုင်ငံတော် အဆင့် အောက်မေ့ ဂါရဝပြု အခမ်းအနား အား ကြီးကျယ်ခန်းနားစွာ ကျင်းပ ပြုလုပ် ခဲ့ပြီး တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟို နိုင်ငံရေးဗျူရို ကော်မတီဝင် ၊ ဗဟို ပြန်ကြာရေး ဌာန ဝန်ကြီး ဟွမ်ခွင်းမင် (Huang Kunming) က တက်ရောက် မိန့်ခွန်းပြောကြား ခဲ့သည်။

အောက်မေ့ ဂါရဝပြု အခမ်းအနားကို တရုတ် နိုင်ငံ အား ကျူးကျော်တိုက်ခိုက်သည့် ဂျပန် စစ်တပ် ၏ သတ်ဖြတ်မှု ခံရသော နန်ကျင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသူများ အထိမ်းအမှတ် ပြတိုက်ရှေ့ တွင် ကျင်းပ ပြုလုပ် ခဲ့သည်။ အခမ်းအနား တွင် နိုင်ငံတော် အလံ ကို တိုင်တစ်ဝက် လွှင့်ထူ ခဲ့ပြီး လူပေါင်း ၈၀၀၀ ကျော် က ရင်ဘက် တွင် ပန်းပွင့်ဖြူများ တပ်ကာ ငြိမ်သတ်စွာ သတိအနေအထားဖြင့် ဂါရဝ ပြုခဲ့ကြသည်။ အခမ်းအနား နှင့် နန်ကျင်း တစ်မြို့လုံး တွင် လေကြောင်း ကာကွယ်ရေး သတိပေး ဥသြဆွဲခဲ့ပြီး ကားများရပ်တန့်ကာ ဟွန်းတီး ဂါရဝ ပြုခဲ့ကြသည်။

တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟို နိုင်ငံရေးဗျူရို ကော်မတီဝင် ၊ ဗဟို ပြန်ကြာရေး ဌာန ဝန်ကြီး ဟွမ်ခွင်းမင် က မိန့်ခွန်းပြောကြားရာတွင် ယနေ့ အခမ်းအနား ကျင်းပ ပြုလုပ်ရခြင်းသည် နန်ကျင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု တွင် သေဆုံးခဲ့သူများ အပေါ် နက်ရှိုင်းစွာ အောက်မေ့ သတိရခြင်း ဖြစ်ပြီး တရုတ် နိုင်ငံ အား ကျူးကျော်တိုက်ခိုက်သည့် ဂျပန် တို့၏ သတ်ဖြတ်ခြင်း ခံရသူ အားလုံး အပေါ် အောက်မေ့သတိရစေရန် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ ပြည်သူလူထု အနေဖြင့် သမိုင်းဖြစ်စဉ် အား ခိုင်မြဲစွာ မှတ်သားထားရမည် ဖြစ်ပြီး ငြိမ်းချမ်းရေး ကို မြတ်နိုးရမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ ထူထောင်ပြီး နှစ် ၇၀ ပြည့်ချိန်တွင် သတ်ဖြတ်ခံရသူ များ နှင့် အာဇာနည် သူရဲကောင်းများအား တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ ခေါင်းဆောင်များ၏ ဦးဆောင်မှုဖြင့် တရုတ် နိုင်ငံ က လက်ရှိချိန်တွင် နိုင်ငံတကာ မှ အထင်ကြီးလေးစာလောက်သည့် မဟာအောင်မြင်မှုများ ရရှိခဲ့သည် ကို ပြောပြ နိုင်ပြီ ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ ပြည်သူလူထု တစ်ရပ်လုံး အနေဖြင့် သမ္မတ ရှီကျင့်ဖိန် အား ဗဟိုပြု၍ ဆက်လက်ကြိုးစားအားထုတ်ပြီး တရုတ် လူမျိုး ပြန်လည် ထွန်းတောက်စေသည့် သမိုင်းစာမျက်နှာ သစ်များကို ရေးထိုးသွားကြမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် တွင် နန်ကျင်း မြို့ ရှိ လူငယ် ၈၂ ဦး က ငြိမ်းချမ်းရေး ကြေညာစာတမ်း အား ဖတ်ကြား ပေးခဲ့ပြီး လူမှုရေးနယ်ပယ် အသီးသီး မှ ကိုယ်စားလှယ် ၆ ဦး က ငြိမ်းချမ်းရေး ခေါင်းလောင်း အား တီးခတ် ခဲ့ကြသည်။ နက်ရှိုင်းသည့် ငြိမ်းချမ်းရေး ခေါင်းလောင်း ၃ ကြိမ် တီးခတ်ပြီး နောက် တွင် သတ်ဖြတ်ခြင်း ခံရသူများ အပေါ် အောက်မေ့သတိရခြင်း နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး အတွက် ငြိမ်းချမ်းရေးငှက် အကောင်ရေ ၃၀၀၀ အား လွှတ်ပေး ခဲ့ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.