Connect with us

Politics, Law & Military

တရုတ်-အိန္ဒိယ နှစ်နိုင်ငံ ဝန်ကြီးချုပ် များ တွေ့ဆုံ ဆွေးနွေးကာ ဒေသတွင်း နှင့် အပြည်ပြည် ဆိုင်ရာ ကိစ္စရပ် များကို အမြင်များ ဖလှယ်


ကွာလာလမ်ပူ ၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် သည် နိုဝင်ဘာ ၂၁ ရက်နေ့ တွင် မလေးရှား နိုင်ငံ ကွာလာလမ်ပူ မြို့တွင် အိန္ဒိယ နိုင်ငံ ဝန်ကြီးချုပ် နာရန်ဒါ မူဒီ နှင့် တွေ့ဆုံ ဆွေးနွေး ခဲ့သည်။

လီခဲ့ချန် မှ တရုတ်-အိန္ဒိယ နှစ်နိုင်ငံ သည် အရေးပါသော အိမ်နီးချင်း နိုင်ငံ များဖြစ်ကြပြီး နှစ်နိုင်ငံ ၏ ပူးပေါင်း ဆောင်ရွက်မှုများ သည်လည်း အောင်မြင်မှု များစွာ ရရှိခဲ့ကြောင်း ၊ ယခု နှစ် မေလ ပိုင်းတွင် ကျွန်တော် တို့ ပေကျင်း မြို့တွင် တရုတ်-အိန္ဒိယ နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာ မိတ်ဆွေ ဆက်ဆံရေး အား တိုးမြှင့်ရန် ကို ဆွေးနွေး တိုင်ပင် ခဲ့ကြပြီး အရေးပါသော သဘောတူညီမှု များစွာ ရရှိနိုင်ခဲ့ကြောင်း ၊ တရုတ်-အိန္ဒိယ နှစ်နိုင်ငံ လုံးသည် ကမ္ဘာ့ပေါ်တွင် ဖွံ့ဖြိုးဆဲ နိုင်ငံ စာရင်းဝင် နိုင်ငံ များဖြစ်ကြပြီး အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်ဦးနှစ်ဘက် အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုများ ကို ပြုလုပ်ကာ အာရှ ဒေသ အပြင် ကမ္ဘာ့ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒါ မူဒီ တို့ နိုဝင်ဘာ ၂၁ ရက်နေ့က မလေးရှား နိုင်ငံ ကွာလာလမ်ပူ မြို့တွင် တွေ့ဆုံစဉ် (ဆင်ဟွာ)

ထို့ပြင် လီခဲ့ချန် မှ တရုတ်-အိန္ဒိယ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု သည်လွန်စွာ အရေးပါကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် အိန္ဒိယ နိုင်ငံ နှင့် အတူ ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ စီးပွားရေး စြင်္ကန်အား တွန်းအား ပေးဆောင်ရွက် ရမည် ဖြစ်ကြောင်း ၊ ဒေသတွင်း နှင့် အပြည်ပြည် ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး တွင် တည်ငြိမ်အေးချမ်းမှု ရရှိနိုင်ရန် ဆောင်ရွက်မည်ဖြစ်ပြီး တရုတ် နိုင်ငံ အနေဖြင့် အိန္ဒိယ နိုင်ငံ နှင့် အတူတကွ အကြမ်းဖက် တိုက်ခိုက်မှု များအပါဝင် အပြည်ပြည် ဆိုင်ရာ စိန်ခေါ်မှု များကို ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အိန္ဒိယ နိုင်ငံ ဝန်ကြီးချုပ် မူဒီ မှ အိန္ဒိယ-တရုတ် ဆက်ဆံရေး သည် ကောင်းမွန်အားကောင်းသည့် အခြေအနေ တွင်ရှိပြီး နိုင်ငံရေး အရ အပြန်အလှန် ယုံကြည်မှု နှင့် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု များသည်လည်း တိုးမြှင့် နိုင်ခဲ့ကြောင်း ၊ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး တွင်လည် တွန်းအား ပေးဆောင်ရွက် နိုင်ခဲ့ပြီး နယ်စပ် ဒေသ တည်ငြိမ်အေးချမ်းရေး ကိုလည်း ဆောင်ရွက် နိုင်ခဲ့ကြောင်း ၊ အိန္ဒိယ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် အတူတကွ ထားရှိခဲ့သည့် သဘောတူညီမှု များကို လိုက်နာကာ ဘက်စုံ ပူးပေါင်းဆောင်ရွက်မှု များပြုလုပ်၍ အာရှ ဒေသ အပြင် ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)