Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ် နိုင်ငံသား ဓားစားခံ တစ်ဦး သေဆုံးမှုနှင့် ပတ်သက်၍ IS စစ်သွေးကြွ အဖွဲ့အား ပြင်းထန်စွာ ပြစ်တင်ရှုံ့ချ

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အား အခမ်းအနား တစ်ခုတွင် တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသားတစ်ဦး သတ်ဖြတ်ခံရမှု အတွက် IS စစ်သွေးကြွ အဖွဲ့အား ပြင်းထန်စွာ ပြစ်တင် ရှုံ့ချပါကြောင်း နှင့် သေဆုံးသူ၏ မိသားစုဝင်များနှင့် ထပ်တူ ဝမ်းနည်း ကြေကွဲရပါကြောင်း နိုဝင်ဘာလ ၁၉ ရက်က ပြောကြားခဲ့ကြောင်း သိရသည်။

ရှီက ဖိလစ်ပိုင် နိုင်ငံ မြို့တော် မနီလာတွင် ကျင်းပသည့် ၂၃ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု (APEC) စီးပွားရေး ခေါင်းဆောင်များ တွေ့ဆုံပွဲ တွင် ယင်းမှတ်ချက်အား ပြောကြား ခဲ့ကြောင်း သိရသည်။

ရှီက အကြမ်းဖက်မှုသည် လူသား မျိုးနွယ်စု အတွက် ဘုံရန်သူပင် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် အကြမ်းဖက်မှု ပုံစံ အမျိုးမျိုးကို ခိုင်မာစွာ ဆန့်ကျင် သွားမည် ဖြစ်ကြောင်း၊ လူအဖွဲ့အစည်းအား ခြိမ်းခြောက်သော မည်သည့် အကြမ်းဖက ်ရာဇဝတ်မှုမျိုးကို မဆို အမြစ်ဖြတ် တိုက်ဖျက် ချေမှုန်းသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ် နိုင်ငံသည် IS စစ်သွေးကြွအဖွဲ့မှ ဖမ်းဆီးထားသည့် တရုတ်ဓားစားခံ ဖန်းကျင့်ဟွေ့ သေဆုံးကြောင်းကို အတည်ပြု ခဲ့ပြီး ထိုရာဇဝတ်မှုအား တရားမျှတမှု ရှိစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၁၉ ရက်က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.