Connect with us

Politics, Law & Military

တိဘက်နှင့်ပတ်သက်၍ အလွန်ဆိုးရွားသော လုပ်ဆောင်မှုများကြောင့် အမေရိကန်နိုင်ငံမှ လူပုဂ္ဂိုလ်တစ်ဦးချင်းအပေါ် တရုတ်နိုင်ငံက ဗီဇာပိတ်ပင်မှု ပြစ်ဒဏ်ချမှတ်

တရုတ်နိုင်ငံ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Potala နန်းတော်အား ညမီးအလင်းရောင်ဖြင့် ဇွန် ၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၉ ရက်(ဆင်ဟွာ)

တိဘက် နှင့်ဆက်စပ်သော ကိစ္စရပ်များတွင် အလွန်ဆိုးရွားသော လုပ်ဆောင်မှုများဖြစ်သည့် အမေရိကန်နိုင်ငံ၏ မှားယွင်းသော ဥပဒေပြဌာန်းချက်အပေါ် လက်တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံက အမေရိကန်နိုင်ငံမှ  လူပုဂ္ဂိုလ်တစ်ဦးချင်းစီအပေါ်  ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်မှု ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဇူလိုင် ၈ ရက်တွင် ပြောကြားခဲ့သည်။

နေ့စဉ်ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ကျောက်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို၏ မကြာသေးခင်က ထုတ်ပြန်ကြေညာခဲ့သော တရုတ်နိုင်ငံအစိုးရ နှင့် အချို့သော အရာရှိကြီးများအပေါ် ပြည်ဝင်ခွင့် ဗီဇာပိတ်ပင်သည့် တရားဝင် နှစ်ဦးနှစ်ဖက်ဝင်ရောက်ခွင့်ဆိုင်ရာ တိဘက်ဥပဒေ ၂၀၁၈ ပြဌာန်းခဲ့ခြင်းနှင့် စပ်လျဉ်း၍ အထက်ပါအတိုင်း တုံ့ပြန်ပြောကြားလိုက်ခြင်းဖြစ်သည်။

“တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးဖြစ်တဲ့ တိဘက်နဲ့ပတ်သက်ပြီး အလိမ်အညာဇာတ်လမ်းတစ်ခုနဲ့ ဝင်ရောက်စွက်ဖက်မှု လုပ်နေတာတွေ ချက်ချင်းရပ်တန့်ဖို့ အမေရိကန်ကို ကျွန်တော်တို့တိုက်တွန်းပါတယ် ၊ အဲဒီလိုမှားယွင်းမှုတွေ ဆက်လုပ်နေရင် တရုတ်-အမေရိကန် အနာဂတ်ဆက်ဆံရေးကို ထိခိုက်စေမှာဖြစ်သလို နှစ်နိုင်ငံအကြား အပြန်အလှန်ဖလှယ်မှုနဲ့ပူးပေါင်းဆောင်ရွက်မှုကိုလည်း ထိခိုက်စေမှာဖြစ်ပါတယ်”  ဟုကျောက်က ဆိုသည်။

ကျောက်က တိဘက်အရေးသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးသက်သက်မျှသာဖြစ်ကြောင်း နှင့် မည်သည့် နိုင်ငံခြားဝင်ရောက်စွက်ဖက်မှုကိုမျှ ခွင့်ပြုလိမ့်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။တရုတ်နိုင်ငံအနေဖြင့် တံခါးဖွင့်မူဝါဒကို ကျင့်သုံးလျက်ရှိပြီး တိဘက်ဒေသသို့ မည်သည့်နိုင်ငံခြားသားဝင်ရောက်မှုကိုမျှ ပိတ်ပင်တားဆီးခြင်းမရှိဘဲ အားလုံးဖွင့်လှစ်ပေးထားကြောင်း ၊ တိဘက်ဒေသသို့ နှစ်စဉ် နိုင်ငံခြားခရီးသွားများ နှင့် နယ်ပယ်ပေါင်းစုံမှ ဝင်ရောက်မှု ပမာဏသည် အလွန်ကြီးမားစွာ ရှိနေကြောင်း ၎င်းက ဆိုသည်။

၂၀၁၅ ခုနှစ် မှ ၂၀၁၈ ခုနှစ်အထိ တိဘက်ဒေသို့ ကမ္ဘာလှည့်ခရီးသွား ၁၇၅,၀၀၀ ဦး ၊ နိုင်ငံခြားသံတမန် ၅၀၀ နီးပါး နှင့် သတင်းသမား ၃၄၃ ဦး အပါအဝင် တရားဝင် လည်ပတ်သူ ၊ ကမ္ဘာလှည့်ခရီးသွား နှင့် စီးပွားရေးလုပ်ကိုင်သူ နိုင်ငံခြားသား အရေအတွက် စုစုပေါင်း ၁၇၆,၀၀၀ နီးပါးထိ ရှိခဲ့ကြောင်း စာရင်းဇယားများအရ သိရသည်။ ယခင်နှစ်က တိဘက်သို့လာရောက်လည်ပတ်သော ပြည်တွင်းပြည်ပ ခရီးသွားသည် သန်း ၄၀ အထိ အမြင့်ဆုံး ရောက်ရှိခဲ့ကြောင်း ကျောက်က ဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် တိဘက်ဒေသသို့ လာရောက်လည်ပတ်ရန် နှင့် စီးပွားရေး လုပ်ကိုင်ရန် ပြည်ပနိုင်ငံသားများကို တိုးမြှင့် ဖိတ်ခေါ်လျက်ရှိပြီး ယင်းမူဝါဒမှာ အပြောင်းအလဲ ရှိမည်မဟုတ်ကြောင်း ၊ သို့ရာတွင် ၎င်းတို့အနေဖြင့် တရုတ်နိုင်ငံ၏ ဥပဒေများ နှင့် စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာရမည်ဖြစ်ကြောင်း နှင့် လိုအပ်သော လုပ်ထုံးလုပ်နည်းများကို လိုက်နာရမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua) 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.