Connect with us

Politics, Law & Military

ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက အမျိုးသားလုံခြုံရေး ဥပဒေက ဟောင်ကောင်၏ ကြွယ်ဝမှု နှင့် တည်ငြိမ်ရေးအတွက် ဖြစ်စေကြောင်းပြောကြား 

တရုတ်နိုင်ငံတောင်ပိုင်း ဟောင်ကောင်ရှိ ဗစ်တိုးရီးယားဆိပ်ကမ်းအနီးရပ်နားထားသော သင်္ဘောတစ်စီးပေါ်တွင် ဇူလိုင် ၁ ရက်က အမိမြေသို့ဟောင်ကောင်ပြန်လည်ရောက်ရှိခြင်း ၂၃ နှစ်မြောက်အထိမ်းအမှတ် စာတမ်း ဂုဏ်ပြု ချိတ်ဆွဲထားစဉ်(ဆင်ဟွာ)

ဟောင်ကောင် ၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ) 

ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူးကယ်ရီလမ်းက ဟောင်ကောင်တွင် အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှုဥပဒေပြဌာန်းခြင်းသည် “တစ်နိုင်ငံ ၊ စနစ်နှစ်မျိုး” စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး နှင့် ဒေသ၏ ကြွယ်ဝချမ်းသာမှု နှင့် တည်ငြိမ်ရေးမှုကို ဖြစ်စေမည်ဖြစ်ကြောင်း ဇူလိုင် ၇ ရက်တွင် ပြောကြားခဲ့သည်။ 

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) အစိုးရအနေဖြင့် ဥပဒေ စတင်အသက်ဝင်ကတည်းက နောက်ဆက်တွဲ လုပ်ဆောင်စရာများကို အလျင်အမြန် ဆောင်ရွက်ခဲ့ကြောင်း ကယ်ရီလမ်းက သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့သည်။ ဟောင်ကောင်၏ အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှု ကော်မတီတွင် ကယ်ရီလမ်းက သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့ပြီး ယင်းကော်မတီ၏ ပထမဆုံး အစည်းအဝေးကို ဇူလိုင် ၆ ရက်တွင် ပြုလုပ်ခဲ့သည်။ အဆိုပါ ဥပဒေသည် အမျိုးသားလုံခြုံရေးကို အန္တရာယ် ဖြစ်စေမည့် တရားမဝင်လုပ်ရပ်များကို တားဆီးရေး ၊ ထိန်းချုပ်ဟန့်တားရေး နှင့် အပြစ်ပေးရေးတို့ အတွက်ဖြစ်ကြောင်း ၊ ယင်းသည် ဥပဒေချိုးဖောက်မှု ပြုလုပ်နေသည့် ပမာဏ အလွန်သေးငယ်သော အစွန်းရောက် လူနည်းစုတစ်ခုကိုသာ ရည်ရွယ်ကြောင်း နှင့် ဟောင်ကောင်ဒေသခံအစု၏ လွတ်လပ်ခွင့် နှင့် အခွင့်အရေးများကို ကာကွယ်ပေးကြောင်း ကယ်ရီလမ်းက ဖြည့်စွက်ပြောကြားခဲ့သည်။ 

ယင်းဥပဒေသည် ဟောင်ကောင် နှင့် ဟောင်ကောင်အစိုးရ(HKSAR)အနေဖြင့် ဗဟိုအစိုးရ အာဏာပိုင်များအပေါ် ကြီးမားသော ယုံကြည်မှုရှိခြင်းကို ပြသခြင်းဖြစ်ကြောင်း ကယ်ရီလမ်းက ပြောကြားခဲ့ပြီး ဟောင်ကောင်အစိုးရသည် အမျိုးသားလုံခြုံရေး နှင့် ဟောင်ကောင်၏ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရန် အတည်ပြုသည့် ဥပဒေကို ကြပ်ကြပ်မတ်မတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ ဟောင်ကောင်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှု ဥပဒေကို တရုတ်ထိပ်တန်း ဥပဒေပြုလွှတ်တော်က အတည်ပြုခဲ့ပြီး ဇွန် ၃၀ ရက်တွင် ဟောင်ကောင်၌ စတင်ပြဌာန်းခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117