Connect with us

Politics, Law & Military

တောင်တရုတ်ပင်လယ် အငြင်းပွားမှုအား အစိုးရအချင်းချင်းကြား အနုညာတ စီရင် ဆုံးဖြတ်ပိုင်ခွင့် အဖွဲ့အစည်းအား ဟောင်ကောင် ဥပဒေပညာရှင် အဖွဲ့ တုံ့ပြန်ပြောကြား

ဟောင်ကောင်အခြေစိုက် အာရှ- ပစိဖိတ် နိုင်ငံတကာ ဥပဒေ အဖွဲ့ (APIIL) ၏ ဥက္ကဋ္ဌ ဒယ်နီယယ် အာရ်.ဖန်းအား တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

တောင်တရုတ်ပင်လယ် အရေး အငြင်းပွားမှုအား တရုတ်နိုင်ငံအား ဆန့်ကျင်လျက် ဖိလစ်ပိုင်၏ တဖက်သတ် လုပ်ဆောင်မှုနှင့် အတူ သဘောတူ လုပ်ဆောင်ခဲ့သည့် အစိုးရချင်းကြား အနုညာတ စီရင် ဆုံးဖြတ်ပိုင်ခွင့် အဖွဲ့အစည်း (PCA) အား ဟောင်ကောင် ဥပဒေပညာရှင် အဖွဲ့က တုံ့ပြန် ပြောကြားခဲ့ကြောင်း သိရသည်။

အချုပ်အခြာအာဏာ အရေးများ ပါဝင် ပတ်သက်နေသည့် အနုညာတ စီရင်ဆုံးဖြတ်မှုကဲ့သို့ ကိစ္စရပ်များအား ကုလသမဂ္ဂ ပင်လယ်ဥပဒေဆိုင်ရာ သဘောတူညီချက် (UNCLOS) ၏ မူဘောင်ဖြင့် PCA က မကိုင်တွယ်သင့်ကြောင်း ဟောင်ကောင် အခြေစိုက် အာရှ- ပစိဖိတ် နိုင်ငံတကာ ဥပဒေအဖွဲ့ (APIIL) ၏ ဥက္ကဋ္ဌ ဒယ်နီယယ် အာရ်.ဖန်း (Daniel R. Fung) က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ဖိလစ်ပိုင်က တင်သွင်းထားသည့် အနုညာတ စီရင်ဆုံးဖြတ်ခြင်းနှင့် ပတ်သက်၍ သက်သေ အကြံပြုချက် တစ်စောင်အား APIIL က ၂၀၁၆ ခုနှစ် ဇွန်လ ၆ ရက်၌ ခုံရုံးသို့ တင်သွင်းခဲ့သည်။ ယင်း သက်သေ အကြံပြုချက် အား ဟောင်ကောင်၊ ဗြိတိန်နှင့် သြစတြေးလျ နိုင်ငံများမှ ရှေ့နေများနှင့် ဥပဒေ ကျွမ်းကျင် ပညာရှင်များ ပါဝင် အတည်ပြုပေးထားခြင်း ဖြစ်သည်။

ဖိလစ်ပိုင်၏ အနုညာတ စီရင်ဆုံးဖြတ်ခြင်း အဆိုပြုလွှာ ၁၅ ချက်အပေါ် ဆုံးဖြတ်မည့် PCA တရားစီရင်ရေးနှင့် ယင်း အဆိုပြုချက်တွင် မြင့်မားလာသည့် တရားစီရင်မှု စသည့် အဓိက ကိစ္စရပ် နှစ်ခုအား လုပ်ဆောင်ရမည် ဖြစ်သော်လည်း PCA အနေဖြင့် ၎င်း ကိစ္စရပ်နှစ်ခုလုံးအား လစ်လျူရှုထားသည့်မှာ ထင်ရှားကြောင်း နာမည်ကျော် အဆင့်မြင့် တရားလွှတ်တော်ရှေ့နေ ဖန်းက ဆင်ဟွာနှင့် တွေ့ဆုံ မေးမြန်းခြင်း၌ ပြောကြားခဲ့သည်။

ထို့ပြင် ဖန်းက ဆက်၍ တောင်တရုတ်ပင်လယ် အရေးသည် အနုညာတ စီရင်ဆုံးဖြတ်ခြင်းထက် သံတမန်ရေးနှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်း ခြင်းအားဖြင့်သာ ကိုင်တွယ် ဖြေရှင်းသင့်ကြောင်း အထူးသဖြင့် UNCLOS ဖြင့် မကိုင်တွယ်သင့်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအစိုးရ အနေဖြင့် ယင်းကိစ္စနှင့် ပတ်သက်၍ ပါဝင်ခြင်းများအား လက်ခံမည် မဟုတ်ကြောင်း ထပ်လောင်း ပြောကြားထားပြီး ဖြစ်သည်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက ဇွန်လ ၈ ရက်က ထုတ်ပြန်လိုက်သည့် ကြေညာချက်တွင် နိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်နှင့် ပင်လယ်ရေကြောင်း အနားသတ်မှု အငြင်းပွားခြင်းအား တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာ ဥပဒေအရအားဖြင့် သော်လည်းကောင်း၊ သမိုင်းဆိုင်ရာ အချက် အလက်များအား လေးစားသမှု အခြေခံ၍ လည်းကောင်း ကာလ တစ်လျှောက်လုံး ငြိမ်းချမ်းစွာဖြင့် ရပ်တည်ခဲ့ကြောင်း ဖော်ပြထားခဲ့သည်။

ထို့ပြင် အချုပ်အခြာ အာဏာနှင့် ပင်လယ်ရေကြောင်း အနားသတ်မှုနှင့် ပတ်သက်၍ အခြား တတိယ အဖွဲ့အစည်း၏ ပါဝင်ပတ်သက်မှု တစ်စုံတစ်ရာအား တရုတ်နိုင်ငံ အနေဖြင့် မည်သည့်အခါမျှ လက်ခံမည် မဟုတ်ကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.