Connect with us

Politics, Law & Military

နေတိုးတပ်ဖွဲ့က ဗုံးဖောက်ခွဲရာတွင် သေဆုံးခဲ့သည့် တရုတ် အာဇာနည်များအား သမ္မတ ရှီ သွားရောက် ဂါဝရ ပြုခဲ့

တရုတ် သမ္မတ ရှီကျင့်ဖိန်နှင့် ဆာဗီးယားနိုင်ငံ သမ္မတ တော်မစ်စလေ့ နစ်ကိုးလစ်တို့က တရုတ် အာဇာနည်များအား ဂါရဝပြုနေကြစဉ် (ဆင်ဟွာ)

ဘဲလ်ဂရိတ်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဆာဗီးယားနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ဇွန်လ ၁၇ ရက်က ရောက်ရှိခဲ့ရာ ယခင် ယူဂိုဆလားဗီးယား ပြည်ထောင်စုတွင် ၁၉၉၉ ခုနှစ်က တရုတ် သံရုံးအား နေတိုး တပ်ဖွဲ့က ဗုံးဖောက်ခွဲရာတွင် အသက်ပေးခဲ့ရသည့် တရုတ် အာဇာနည်များအား သွားရောက် ဂါရဝပြုခဲ့ကြောင်း သိရသည်။

ယင်း နေရာသို့ ခရီးစဉ်၏ ပထမဆုံးအဖြစ် သမ္မတ ရှီသည် သမ္မတကတော် ဖုန်းလိယွမ်၊ ဆာဗီးယားနိုင်ငံ သမ္မတ တော်မစ်စလေ့ နစ်ကိုးလစ်၊ လွှတ်တော် ဥက္ကဋ္ဌ မာဂျာ ဂျိုကိုဗစ်၊ ဝန်ကြီးချုပ် အလက်ဇန်းဒါး ဗူစစ်နှင့် အစိုးရ အဖွဲ့ဝင်များ အားလုံးတို့က အာဇာနည်များအား ငြိမ်သက်လျက် ဂုဏ်ပြုခဲ့ကြသည်။
အဆိုပါ ဗုံးဖောက်ခွဲမှုတွင် သေဆုံးခဲ့ရသူ အာဇာနည်(၃) ဦးမှာ ဆင်ဟွာ သတင်းဋ္ဌာနမှ သတင်းထောက် Shao Yunhuan ၊ ကွမ်းမင့် နေ့စဉ် သတင်း စာမှ Xu Xinghu နှင့် ဇနီး Zhu Ying တို့ ဖြစ်သည်။
နှစ်နိုင်ငံ သမ္မတများသည် အစဉ်အလာရှိခဲ့သည့် ရင်းနှီးချစ်ခင်မှုနှင့်အတူ ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေး မြှင့်တင်ရာ တွင် အတူတကွ လက်တွဲသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် သမ္မတ နှစ်ဦးသည် သံရုံးဟောင်းနေရာ၌ တရုတ် ယဉ်ကျေးမှု စင်တာ တစ်ခု တည်ဆောက်ရန် အုတ်မြစ်ချ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ ယင်း စင်တာသည် အနောက် ဗော်ကန်ဒေသတွင် ပထမ ဆုံးလည်း ဖြစ်သည်။
ယင်း အခမ်းအနားပြီးနောက် သမ္မတရှီနှင့် ဇနီးသည် သမ္မတ နစ်ကိုးလစ်နှင့် ဇနီး တို့နှင့် အတူ ဆာဗီးယားမြို့တော်၏ အရေးပါဆုံး သမိုင်းဝင် နေရာဖြစ်သည့် ဘဲလ်ဂရိတ် ခံတပ်နှင့် ကယ်လဲမက်ဒန် ဥယျာဉ်သို့ သွားရောက်ခဲ့သည်။ ထိုဥယျာဉ်နှင့် ခံတပ်သည် Sava မြစ်နှင့် Danube မြစ်တို့ဆုံရာ ၁၂၅ မီတာ အမြင့်ရှိသော ကျောက်ကမ်းပါးစောက် တစ်ခုပေါ်၌ တည်ရှိသည်။
၁၉၉၉ ခုနှစ် မေလ ၇ ရက်က အမေရိကန် ဦးဆောင်သော နေတိုးတပ်ဖွဲ့က ဘဲလ်ဂရိတ်ရှိ တရုတ်သံရုံးအား ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သတင်းထောက် သုံးဦး သေဆုံးပြီး ဒါဇင်နှင့်ချီ၍ ဒဏ်ရာရသူများ ရှိခဲ့ကာ သံရုံး အဆောက်အအုံလည်း ပျက်စီးခဲ့သည်။
ကျဆုံးသွားခဲ့သည့် တရုတ် သတင်းထောက်များ အတွက် အမှတ်တရအနေဖြင့်သော် လည်းကောင်း၊ ဆာဗီးယား နိုင်ငံအား ထောက်ပံ့ပေးသည့် တရုတ်နိုင်ငံအား ကျေးဇူးတင်သည့် အနေဖြင့်သော် လည်းကောင်း ဗုံးကျဲခံခဲ့ရသည့် သံရုံးဟောင်း နေရာရှေ့၌ ပထမဆုံး အထိမ်းအမှတ် ကျောက်တိုင် တစ်ခုအား ဆာဗီးယား အစိုးရက ၂၀၀၉ ခုနှစ် မေလ ၇ ရက်က တည်ဆောက်ခဲ့သည်။
တရုတ် သမ္မတ ရှီကျင့်ဖိန်သည် ဆာဗီးယားနိုင်ငံနှင့် နှစ်နိုင်ငံ အစဉ်အလာရှိပြီးသား ချစ်ကြည်ရင်းနှီးမှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအား အရှိန်မြှင့်တင်ရန် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရောက်ရှိနေခြင်း ဖြစ်သည်။ ဤခရီးစဉ်သည် ၃၂ နှစ်အတွင်း တရုတ်နိုင်ငံ ခေါင်းဆောင်တစ်ဦး အနေဖြင့် ဆာဗီးယားနိုင်ငံသို့ ပထမဆုံး လာရောက်ခြင်းလည်း ဖြစ်သည်။
ဆာဗီးယား ခရီးစဉ်ပြီးနောက် သမ္မတ ရှီသည် ပိုလန်နှင့် ဥဇဘက် ကစ္စတန်နိုင်ငံများသို့လည်း သွားရောက်မည် ဖြစ်သလို ဥဇဘက်ကစ္စတန် မြို့တော် Tashkent တွင် ကျင်းပမည့် ၁၆ ကြိမ်မြောက် ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့အစည်း ကောင်စီ၏ နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေး(Shanghai Coorperation Organization= SCO) သို့ တက်ရောက်မည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.