Connect with us

Politics, Law & Military

နန်ကျင်း လူအစုလိုက် အပြုံလိုက် အသတ်ခံရမှု အောက်မေ့ဖွယ် အခမ်းအနားအား တရုတ်နိုင်ငံတွင် ကျင်းပ


နန်ကျင်း၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း နန်ကျင်းမြို့၌ နန်ကျင်း လူအစုလိုက် အပြုံလိုက် အသတ်ခံရမှု (Nanjing Massacre Memorial) တွင် သေဆုံးခဲ့ရသူများအား အောက်မေ့ဖွယ် အခမ်းအနားကို တရုတ် ကွန်မြူနစ်ပါတီ (CPC) နှင့် နိုင်ငံတော် ကောင်စီ တို့က ဒီဇင်ဘာလ ၁၃ ရက်တွင် ကျင်းပခဲ့ ကြသည်။

တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ် နိုင်ငံရေး ဗျူရို အဖွဲ့ဝင် နှင့် အမျိုးသား ပြည်သူ့ ကွန်ဂရက် အမြဲတမ်း ကော်မတီ၏ ဒုတိယ ဥက္ကဋ္ဌ လီကျန်းဂူက နန်ကျင်း လူအစုလိုက်အပြုံလိုက် အသတ်ခံရမှုတွင် သေဆုံးခဲ့ရ သူများ၏ အောက်မေ့ဖွယ်ခန်းမ၌ ပြုလုပ်သည့် အဆိုပါ အခမ်းအနားတွင် မိန့်ခွန်း ပြောကြားခဲ့သည်။

နန်ကျင်း လူအစုလိုက် အပြုံလိုက် အသတ်ခံရမှု အောက်မေ့ဖွယ် အခမ်းအနားအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

နန်ကျင်း လူအစုလိုက် အပြုံလိုက် အသတ်ခံရမှု အောက်မေ့ဖွယ် အခမ်းအနားအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

နန်ကျင်း လူအစုလိုက် အပြုံလိုက် အသတ်ခံရမှု အောက်မေ့ဖွယ် အခမ်းအနားအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

အဲဒီနေ့ကို ပြန်လည် သတိရမိတဲ့ အခါတိုင်း သမိုင်းထဲက အမှောင်မိုက်ဆုံးနဲ့ အနာကျင်ဆုံး ခံစားမှုတွေ ကျွန်တော်တို့ မျက်လုံးမှာ တစ်ခါ ပြန်လည်ရောက်ရှိလာစေတယ်၊ ဒီအဖြစ်အပျက်ကို တရုတ်နိုင်ငံ အနေနဲ့ အမြဲတမ်း အမှတ်ရနေမှာပါ” ဟု လီက ပြောကြားခဲ့သည်။

၁၉၃၇ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ဂျပန် စစ်သားများသည် တရုတ်လူမျိုးများ နန်ကျင်းမြို့တွင်ဖမ်းဆီး ထားခဲ့ပြီး တစ်လကျော်ခန့် လူသတ်ပွဲ ကျင်းပစေခဲ့သည်။ လက်နက်မဲ့ တရုတ်စစ်သားများနှင့် အရပ်သားများ ၃၀၀,၀၀၀ အသတ်ခံခဲ့ရသလို အမျိုးသမီး ၂၀,၀၀၀ ကျော်လည်း အဓမ္မ ပြုကျင့်ခံခဲ့ရသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့အား နန်ကျင်း လူအစုလိုက်အပြုံလိုက် အသတ်ခံရမှုတွင် နစ်နာသူများအတွက် အမျိုး သား အောက်မေ့ဖွယ်နေ့ အဖြစ် သတ်မှတ်ရန် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလက တရုတ်နိုင်ငံ အဆင့်မြင့် ဥပဒေပြု လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

ယင်းအောက်မေ့ဖွယ် အခမ်းအနား၏ ရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေးကို မြတ်နိုးရန်နှင့် ငြိမ်ချမ်းသည့် အနာဂတ် အား မြှင့်တင်ရန် အားလုံးမှာ တာဝန်ရှိကြောင်း မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် တရုတ်နှင့် ဂျပန် ဆက်ဆံရေးသည် တင်းမာလာခဲ့ပြီး ၁၉၇၂ ခုနှစ် ပုံမှန်ဆက်ဆံရေး ပြန်လည် ရရှိခဲ့သည်။လက်ရှိအချိန်တွင် နှစ်နိုင်ငံသည် အိမ်နီးချင်းကောင်းအဖြစ် ရှေ့ဆက်သွားရန် တွန်းအားပေးထားကြသလို ရင်း နှီးစွာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လူသားဆန်သည့် လုပ်ငန်းစဉ်များအား ပူးတွဲ အထောက်အကူပြုသွားသင့်ကြောင်း လီက ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)