Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အမေရိကန် နိုင်ငံ သမ္မတ ဘားရတ် အိုဘားမား ဖုန်းဖြင့် ဆက်သွယ် ပြောကြားမှု ပြုလုပ်ခဲ့

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အမေရိကန် နိုင်ငံ သမ္မတ အိုဘားမား တို့ တွေ့ဆုံ ဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)

တရုတ် ပြည်သူ့ သမ္မတ နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန် သည် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ကြိုတင် စီစဉ်ထားသည့် အတိုင်း အမေရိကန် နိုင်ငံ သမ္မတ ဘားရတ် အိုဘာမား (Barat Obama) နှင့် ဖုန်းဆက်သွယ် ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က သမ္မတ နှစ်ဦး ပဲရစ် မြို့တွင် တွေ့ဆုံ ခဲ့ရာတွင် လည်း တရုတ်-အမေရိကန် နှစ်နိုင်ငံ အတူတကွ စိတ်ဝင်စား သည့် ကိစ္စရပ်များတွင် အမြင်များ ဖလှယ် နိုင်ခဲ့ကြောင်း ၊ လက်ရှိချိန်တွင် နှစ်တစ်နှစ် ၏ အစပိုင်းကို ရောက်ရှိတော့မည် ဖြစ်သောကြောင့် စိန်ခေါ်မှုများစွာ နှင့် ရင်ဆိုင်ရတော့မည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ အကြား နိုင်ငံကြီး ဆက်ဆံရေး ပုံစံ သစ်ရောက်ရှိရန် ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အိုဘားမား ကလည်း ပဲရစ်မြို့တွင် တရုတ် နိုင်ငံ သမ္မတနှင့် တွေ့ဆုံကာ ဒေသတွင်း နှင့် အရေးကြီးသော အပြည်ပြည်ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး နိုင်ခဲ့သည့် အတွက် ဝမ်းမြောက်ကြောင်း ၊ အမေရိကန် အနေဖြင့် တရုတ် နိုင်ငံ နှင့် ဆက်လျက် ပူးပေါင်းဆောင်ရွက်မှု များပြုလုပ်သွားပြီး ပဲရစ် ဆွေးနွေးပွဲ မှ ရရှိခဲ့သော သဘောတူညီမှု များကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.