Connect with us

Politics, Law & Military

နိုင်ငံအားသွေးသစ်လောင်းခြင်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်မှာ “ ပန်းခင်းလမ်းထဲ လျှောက်လှမ်းခြင်းမဟုတ်” ကြောင်း သမ္မတရှီ ပြော

၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားညီလာခံ စတင်ဖွင့်လှစ်စဉ်(ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ ၁၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က နိုင်ငံအား အသစ်တစ်ဖန် သွေးသစ်လောင်းခြင်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်မှာ ပန်းခင်းလမ်းထဲ လျှောက်လှမ်းခြင်း မဟုတ်ကြောင်း နှင့် ဒရမ် ကို တဆင့်ပြီးတဆင့် ပိုမိုကျယ်လောင်စွာ တီးခတ်ရသလိုမျိုး အဆင့်ဆင့် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံပေကျင်းမြို့Great Hall ခန်းမ၌ ပြုလုပ်သော ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ(CPC) အမျိုးသားညီလာခံ၌ အဖွင့်မိန်းခွန်းပြောကြားရာတွင် သမ္မတရှီက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။တရုတ်စကားပုံတစ်ခုအတိုင်းပင် “ လမ်းစဉ်တစ်ခု၏ နောက်ဆုံးအဆင့်သည် ရည်မှန်းချက်၏ လမ်းခရီးတစ်ဝက်သာဖြစ်သည်” ဟု သမ္မတရှီက ပြောကြားခဲ့ပြီး ၊ ပါတီဝင်အားလုံးအနေဖြင့် “ ရည်မှန်းချက်ပန်းတိုင်ကို တက်လှမ်းနိုင်ရန်အပတ်တကုတ် ကြိုးပမ်းအားထုတ်သွားရမည်” ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

“ ဒီနေ့မှာ ကျွန်တော်တို့ဟာ နီးကပ်စွာရှိနေကြတယ်။ ပိုပြီးယုံကြည်မှုရှိတယ်။ ယခင်အချိန်ကထက် နိုင်ငံကို စစ်မှန်တဲ့ သွေးသစ်လောင်းမယ့် ရည်မှန်းချက်ပန်းတိုင်ကို ပိုမိုစွမ်းဆောင်နိုင်ပါတယ်” ဟု ရှီကဆိုသည်။“ ကြီးကျယ်ခမ်းနားတဲ့ မျှော်လင့်ချက်အိပ်မက်အတွက် ကြီးမားတဲ့ ကြိုးပမ်းအားထုတ်မှုကို ဆောင်ရွက်ရမှာပါ” ဟု ရှီက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.