Connect with us

Politics, Law & Military

တရုတ်နိုင်ငံတွင် CPC ကြောင့် လွန်ခဲ့သည့် ငါးနှစ်တာအတွင်း သမိုင်းတွင်သော ပြောင်းလဲမှုများ မြင်တွေ့ခဲ့ရကြောင်း သမ္မတ ရှီ ပြောကြား

တရုတ်နိုင်ငံ ပေကျင်းမြို့အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် လွန်ခဲ့သော ငါးနှစ်တာကာလအတွင်း တရုတ် ကွန်မြူနစ်ပါတီ (CPC) ၏ အကောင်အထည်ဖော် ဆောင်ရွက်မှုကြောင့် သမိုင်းတွင်သော ပြောင်းလဲမှုများကို နိုင်ငံသားများက မြင်တွေ့ခဲ့ရပြီ ဖြစ်ကြောင်း ၁၉ ကြိမ်မြောက် CPC အမျိုးသား ညီလာခံ ဖွင့်ပွဲ အခမ်းအနား၌ သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့် ငါးနှစ်တာအတွင်း တရုတ်နိုင်ငံ၏ GDP မှာလည်း ယွမ် ၅၄ ထရီလီယံမှ ၈၀ ထရီလီယံအထိ (အမေရိကန်ဒေါ်လာ ၁၂.၁ ထရီလီယံခန့်) မြင့်တက်လာခဲ့ကြောင်း သမ္မတ ရှီက မိန့်ခွန်း၌ ထည့်သွင်း ပြောကြားခဲ့သည်။ (Xinhua)