Politics, Law & Military
ပါတီအချင်းချင်း ဆက်ဆံရေး ပုံစံသစ် တည်ထောင်ရန် CPC အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန် အဆိုပြု
ပေကျင်း၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)
တရုတ် ကွန်မြူနစ်ပါတီ (CPC) ၏ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်သည် နိုင်ငံရေးပါတီများအနေဖြင့် မတူကွဲပြားမှုများအား ဖယ်ရှားပြီး ပါတီ တစ်ခုနှင့် တစ်ခု လေးစားကာ လေ့လာသင်ယူမှုရှိသော ပါတီအချင်းချင်း ဆက်ဆံရေး ပုံစံသစ် တစ်ခု တိုးတက်စေရန် ဒီဇင်ဘာလ ၁ ရက်က အဆိုပြုလိုက်ကြောင်း သိရသည်။
ရှီသည် အဆိုပါ မှတ်ချက်အား တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ပြုလုပ်သော တရုတ် ကွန်မြူနစ်ပါတီနှင့် ကမ္ဘာ့နိုင်ငံရေးပါတီများ အဆင့်မြင့် အစည်းအဝေး ဖွင့်ပွဲအခမ်းအနား မိန့်ခွန်း၌ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ (Xinhua)