Connect with us

Politics, Law & Military

လူသားမျိုးနွယ်အတွက် အနာဂတ်မျှဝေသော လူမှုအသိုက်အဝန်း အယူအဆအား လှုပ်ရှားမှုအဖြစ် အသွင်ကူးပြောင်းသွားမည်ဟု CPC ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန် ပြောကြား

တရုတ်နိုင်ငံတွင် ပြေးဆွဲနေသော အမြန်ရထားတစ်စီးအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)

တရုတ် ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်သည် CPC နှင့် ကမ္ဘာ့နိုင်ငံရေးပါတီများ အဆင့်မြင့် အစည်းအဝေး ဖွင့်ပွဲ အခမ်းအနား၌ မိန့်ခွန်းပြောကြားခဲ့သည်။

အဆိုပါ မိန့်ခွန်းတွင် ရှီက “တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများအကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု ပိုပြီး တိုးချဲ့လာတာကို မြင်တွေ့ရတဲ့အတွက် ဝမ်းမြောက်ရပါတယ်။ လူသားမျိုးနွယ်အတွက် အနာဂတ်မျှဝေမှုရှိတဲ့ လူမှုအသိုက်အဝန်း အယူအဆက အထောက်အပံ့ရရှိပြီး ပြည်သူတွေရဲ့ ထောက်ခံချက်တွေလဲ ရရှိထားပါတယ်” ဟု ရှီက ပြောကြားခဲ့သည်။

လူသားမျိုးနွယ်အတွက် အနာဂတ်မျှဝေမှုှရှိသော လူမှုအသိုက်အဝန်း တည်ထောင်ခြင်း အယူအဆအား ၂၀၁၃ ခုနှစ်က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အဆိုပြုထားခဲ့ခြင်း ဖြစ်သည်။

ခေတ်သစ် ပိုးလမ်းမကြီး ဖော်ဆောင်မှုသည် အဆိုပါ အယူအဆ၏ လက်တွေ့ လုပ်ဆောင်ချက် တစ်ခုဖြစ်ကြောင်း ရှီက ပြောကြားခဲ့ပြီး ခေတ်သစ် ပိုးလမ်းမကြီးက ယင်းနှင့် ဆက်စပ်လျက်ရှိသော နိုင်ငံများအတွက် ရရှိလာစေမည့် ဘုံဖွံ့ဖြိုးတိုးတက်မှုအား နားလည် သဘောပေါက်စေရန် ပူးပေါင်းဆောင်ရွက်မှု ပေါင်းကူးကြီး တစ်ခုဖြစ်သည်ဟု ဆိုသည်။

၂၀၁၃ ခုနှစ်တွင် သမ္မတ ရှီက အဆိုပြုခဲ့သော ခေတ်သစ် ပိုးလမ်းမကြီးဖော်ဆောင်မှုသည် အာရှတိုက်နှင့် ဥရောပတိုက်အား ကုန်းပိုင်းနှင့် ပင်လယ်ရေကြောင်း လမ်းကြောင်းမှ တစ်ဆင့် ကုန်သွယ်မှုနှင့် အခြေခံ အဆောက်အအုံ ကွန်ရက်များ ချိတ်ဆက်ရန် ရည်ရွယ်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.