Connect with us

Politics, Law & Military

တရုတ် နိုင်ငံ ဝန်ကြီးချုပ် နှင့် ပါကစ္စတန် နိုင်ငံ ဝန်ကြီးချုပ် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် ပါကစ္စတန် နိုင်ငံ ဝန်ကြီးချုပ် Shahid Khaqan Abbasi တွေ့ဆုံစဉ်(ဆင်ဟွာ)

ဆိုချီ ၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် ပါကစ္စတန် နိုင်ငံ ဝန်ကြီးချုပ် Shahid Khaqan Abbasi တို့သည် နိုဝင်ဘာ ၃၀ ရက်နေ့ ညနေပိုင်းအချိန်တွင် ရုရှား နိုင်ငံ ဆိုချီမြို့ ၌ တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ပြုလုပ်ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု အတွင်း တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် က တရုတ်-ပါကစ္စတန် နှစ်နိုင်ငံ သည် အခြေအနေပေါင်းစုံ မဟာဗျူဟာ မိတ်ဘက် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး တည်ရှိပြီး နှစ်နိုင်ငံ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု သည်လည်း ကောင်းမွန်သည့် ဦးတည်ချက်သို့ ဖွံ့ဖြိုးတိုးတက်နေကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ပါကစ္စတန် နိုင်ငံ နှင့် အတူတကွ အရေးကြီးသည့် အခြေခံအဆောက်အဦ စီမံကိန်း များကို အကောင်ထည် ဖော်ဆောင်ရွက်သွားပြီး ကုန်ထုတ်လုပ်မှု ပူးပေါင်းဆောင်ရွက်နေရေး ကို တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ၊ ပါကစ္စတန် နိုင်ငံအတွင်းရှိ တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ များ နှင့် တရုတ် နိုင်ငံ သားများ အား လုံခြုံရေး အာမခံ ချက်ပေးမှု အပေါ် ကျေးဇူးတင်ရှိပြီး ပါကစ္စတန် နိုင်ငံ အနေဖြင့် ဆက်လက်၍ လုံခြုံရေး အတိုင်းအတာ ကို တိုးမြှင့်သွားစေလိုကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ပါကစ္စတန် နိုင်ငံ နှင့်အတူ လုံခြုံရေး ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်သွားလိုပြီး ဒေသတွင်း တည်ငြိမ်းအေးချမ်းရေး အတွက် ဆောင်ရွက်သွားလိုကြောင်း ၊ ပါကစ္စတန် နိုင်ငံ ဝန်ကြီးချုပ် အနေဖြင့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း ဝန်ကြီးချုပ်များ အစည်းအဝေး ကို တက်ရောက် ခဲ့သည့် အတွက် ကြိုဆိုပြီး ဆက်လက်၍ အနီးကပ် ဆက်သွယ်ညှိနှိုင်းမှုများ ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

ပါကစ္စတန် နိုင်ငံ ဝန်ကြီးချုပ် Abbasi က ပါကစ္စတန်-တရုတ် နှစ်နိုင်ငံ ၏ ရိုးရာချစ်ကြည်ဆက်ဆံရေး သည် လွန်စွာ နက်ရှိုင်းပြီး အနီးကပ် ပူးပေါင်းဆောင်ရွက်မှု တည်ရှိကာ အခြေအနေပေါင်းစုံ မဟာဗျူဟာ မိတ်ဘက် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး တည်ရှိကြောင်း ၊ ပါကစ္စတန် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ အဆင့်မြင့် အရာရှိများ နှင့် ကူးလူးဆက်ဆံမှု ကို ထိန်းသိမ်းသွားပြီး ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု ကို နက်ရှိုင်းစေကာ နှစ်နိုင်ငံ ဆက်ဆံရေး အဆက်မပြတ် ပိုမို ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားလိုကြောင်း ၊ လက်ရှိချိန်တွင် နှစ်နိုင်ငံ စီးပွားရေး စြင်္က ံ တည်ဆောက်ရေး မှာ အဆင်ပြေချောမွေ့ နေပြီး ပါကစ္စတန် နိုင်ငံ အနေဖြင့် စီမံကိန်း လုံခြုံမှု ရရှိရန် အတွက် အစွမ်းကုန် တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ ပါကစ္စတန် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း တွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားပြီး အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရန် အတွက် ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.