Politics, Law & Military
ပြင်သစ်နိုင်ငံ သမ္မတ၏ သံတမန်ရေးရာ အကြံပေး တရုတ်နိုင်ငံသို့ သွားမည်

ပေကျင်း၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)
ပြင်သစ်နိုင်ငံ သမ္မတ၏ သံတမန်ရေးရာအကြံပေး Philippe Etienne သည် ဖေဖော်ဝါရီလ ၂၈ ရက်မှ မတ်လ ၂ ရက်အထိ တရုတ်နိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ လုခန်းက ဖေဖော်ဝါရီလ ၂၆ ရက်တွင် ကြေညာလိုက်သည်။
၎င်းသည် တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ၏ ဖိတ်ကြားချက်ဖြင့် လာရောက်ခြင်းဖြစ်ကြောင်း လုက ပြောကြားခဲ့သည်။ (Xinhua)