Politics, Law & Military
ဖွံ့ဖြိုးပြီး အနောက်နိုင်ငံများအနက် ပထမဆုံး ခေတ်သစ် ပိုးလမ်းမကြီး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အဖြစ် နယူးဇီလန်နှင့် တရုတ် လက်မှတ်ရေးထိုး
ဝဲလ်လင်တန်၊ မတ် ၂၇ ရက် (ဆင်ဟွာ)
ဖွံ့ဖြိုးပြီး အနောက်နိုင်ငံများအနက် ပထမဆုံးနိုင်ငံအဖြစ် နယူးဇီလန်နိုင်ငံက ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်း ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အား ယနေ့ (မတ်လ ၂၇ ရက်) တွင် တရုတ်နိုင်ငံနှင့်အတူ လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။
အဆိုပါ သဘောတူညီချက် လက်မှတ်ရေးထိုးခြင်းအား နယူးဇီလန်သို့ အလည်အပတ် ရောက်ရှိနေသည့် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်နှင့် နယူးဇီလန် ဝန်ကြီးချုပ် ဘီလ် အင်္ဂလိပ် (Bill English) တို့၏ ရှေ့မှောက်၌ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။ (Xinhua)