Connect with us

Politics, Law & Military

ပိုးလမ်းမကြီး အပေါ် တရုတ်- နီပေါ နှစ်နိုင်ငံ ပို၍ ပူးပေါင်းဆောင်ရွက်မည်

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် နီပေါနိုင်ငံဝန်ကြီးချုပ် Pushpa Kamal Dahal တို့ နှစ်ဦးလက်ဆွဲနှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ပေကျင်း ၊ မတ် ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် နီပေါနိုင်ငံဝန်ကြီးချုပ် Pushpa Kamal Dahal တို့နှစ်ဦးသည် မတ်လ ၂၇ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးစဉ် ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်ရေးတွင် နှစ်နိုင်ငံပိုမိုပူးပေါင်းဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ကြောင်း သိရသည်။

နှစ်ဘက်ပြည်သူများ နှင့် နှစ်နိုင်ငံစလုံး၏ အခြေခံကျသော အကျိုးစီးပွားများအတွက် တရုတ် နှင့် နီပေါ နှစ်နိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှု ခိုင်မြဲအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း သမ္မတရှီက ဆိုသည်။

မျက်မှောက်အချိန်တွင် တရုတ်-နီပေါ နှစ်နိုင်ငံ ဆက်ဆံရေးသည် တိုးတက်ခိုင်မာလျက်ရှိကြောင်း နှင့် နှစ်ဖက်စလုံးအနေဖြင့် အစိုးရအချင်းချင်းကြား ၊ ပါတီအချင်းချင်းကြား နှင့်အခြား အဆင့်များတွင်လည်း အနီးကပ် အပြန်အလှန်ဖလှယ်မှုများ ထိန်းသိမ်းထားရှိရမည်ဖြစ်ကြောင်း ရှီက ဆက်လက်ပြောကြားသည်။

အကျိုးစီးပွားသစ်များကို ဖန်တီးရန် နှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုတွင် အပေါင်းလက္ခဏာဆောင်သော အရွေ့များကို ထိန်းသိမ်းထားရန်အတွက် ချိတ်ဆက်ဆောင်ရွက်မှုများကို ကြိုးပမ်းအားထုတ်သွားကြရန် တရုတ်နိုင်ငံသမ္မတက တိုက်တွန်းခဲ့သည်။

ထို့ပြင် နှစ်ဖက်စလုံးအနေဖြင့် နိုင်ငံရေးအရယုံကြည်မှုထားကြရန် ၊ အဓိက စိုးရိမ်ဖွယ်ရာကိစ္စရပ်များ နှင့် နှစ်ဖက်အကျိုးစီးပွား နှင့်သက်ဆိုင်သော အရေးအရာများတွင် အပြန်အလှန်ထောက်ခံအားပေးမှု နှင့် အနီးကပ် ပူးပေါင်းဖလှယ်မှုများကို ပို၍ လုပ်ဆောင်သွားရန်လည်း သမ္မတရှီက ဆိုသည်။

ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်မှုတွင် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အခွင့်အလမ်းများကို စီမံ ရယူသွားကြရန် ၊ စွမ်းအင် နှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ၊ စက်မှုကဏ္ဍ စွမ်းဆောင်ရည်မြင့်မားရေး ၊ စိုက်ပျိုးရေး ၊ လွတ်လပ်စွာကုန်သွယ်ရေး တို့တွင် ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်လုပ်ဆောင်သွားရန် နှစ်ဖက်စလုံးက မျှော်လင့်ထားကြောင်း သမ္မတရှီပြောသည်။

တရုတ် နှင့် နီပေါ နိုင်ငံတို့သည် နည်းလမ်းနှစ်သွယ်ဖြင့် ရင်းနှှီးမြှုပ်နှံမှု နှင့် ကုန်သွယ်ရေးကို ပြုလုပ်သွားရန် မျှော်လင့်ထားကြောင်း ၊ နှစ်ဖက်ကုန်သွယ်ရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး နှင့် ဟန်ချက်ညီညီ တိုးတက်စေရေး အတွက် တိုးချဲ့လုပ်ဆောင်သွားရန် လိုအပ်ကြောင်း သမ္မတရှီ က ဆက်လက်ပြောကြားခဲ့သည်။

နီပေါနိုင်ငံ ဝန်ကြီးချုပ် Dahal က တရုတ် နှင့် နီပေါ နိုင်ငံတို့သည် အိမ်နီးချင်းနိုင်ငံများအဖြစ် ချစ်ကြည်ရင်းနှီးစွာတည်ရှိပါကြောင်း ၊ တရုတ်နိုင်ငံ၏ ကာလရှည် ထောက်ခံအားပေးမှုအပေါ် ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း ၊ အထူးသဖြင့် ၂ဝ၁၅ ခုနှစ်အတွင်း နီပေါနိုင်ငံ၌ ငလျင်ဒဏ်ခံစားရစဉ် တရုတ်နိုင်ငံ၏ ကူညီထောက်ပံ့မှုများအပေါ် ဂုဏ်ပြုပါကြောင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.