Politics, Law & Military
ရုရှား သမ္မတ တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားမည်

ပေကျင်း၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင်သည် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ဇွန်လ ၂၅ ရက်တွင် တရုတ်နိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ လုခန်က ဇွန်လ ၂၀ ရက်က ပြောကြားလိုက်သည်။
ပူတင်က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်ဖြင့် လာရောက်ခြင်း ဖြစ်ကြောင်း လုက သတင်းထုတ် ပြန်ချက်၌ ပြောကြားထားသည်။ (Xinhua)