Connect with us

Politics, Law & Military

တရုတ် သမ္မတ ရှီကျင့်ဖိန် ပိုလန်နိုင်ငံသို့ ရောက်ရှိ

ပိုလန်နိုင်ငံ၊ ဝါဆောမြို့ သို့ရောက်ရှိလာသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်းလိယွမ် အားတွေ့ရစဉ် (ဆင်ဟွာ)

ဝါဆော၊ ဇွန်လ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဥရောပနှင့် အာရှ သုံးနိုင်ငံ ခရီးစဉ်၏ ဒုတိယမြောက် နိုင်ငံ ဖြစ်သည့် ပိုလန်နိုင်ငံသို့ နှစ်နိုင်ငံ ချစ်ကြည်ရေး ခိုင်မြဲလာစေရန် နှင့် တရုတ်-ဥရောပ ဆက်ဆံရေး အားကောင်းလာစေရန် ရည်ရွယ်ချက်ဖြင့် ဇွန်လ ၁၉ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ရှီ၏ ပိုလန်ခရီးစဉ်သည် ၁၂ နှစ်တာ ကာလအတွင်း တရုတ်နိုင်ငံ ခေါင်းဆောင် တစ်ဦး ပိုလန်နိုင်ငံသို့ ပထမဆုံး လာရောက် လည်ပတ်သည့် ခရီးဖြစ်ပြီး ပိုလန်နိုင်ငံသို့ မရောက်ရှိခင် ရှီသည် ဆားဘီးယားနိုင်ငံ၌ ဇွန်လ ၁၇ မှ ၁၉ အထိ နေထိုင်ခဲ့ကြောင်း သိရသည်။
ပိုလန်နိုင်ငံ လေပိုင်နက်အတွင်းသို့ ရောက်ရှိလာသည့် သမ္မတ ရှီကျင့်ဖိန်၏ လေယာဉ်အား ပိုလန်နိုင်ငံမှ တိုက်ဂျက်လေယာဉ်များက လိုက်ပါ ကြိုဆိုခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်းလိယွမ် တို့အား လေဆိပ်၌ ပိုလန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Witold Waszczykowski ကလာရောက် ကြိုဆိုခဲ့ကြောင်း သိရသည်။
သမ္မတ ရှီကျင့်ဖိန်သည် ပိုလန်နိုင်ငံ ဝါဆောမြို့၌ ရှိနေစဉ်အတွင်း ပိုလန်နိုင်ငံ သမ္မတ Andrzej Duda နှင့် တွေ့ဆုံကာ နှစ်နိုင်ငံ ချစ်ကြည်ရေး တိုးမြှင့်ရန် ဆွေးနွေးသွားမည် ဖြစ်သည်။ ထို့နောက် ပိုလန်နိုင်ငံ ဝန်ကြီးချုပ် Beata Szydlo နှင့် တွေ့ဆုံကာ ပိုလန်နိုင်ငံ လွှတ်တော် ခေါင်းဆောင်များက ဧည့်ခံကျွေးမွေးသည့် နေ့လည်စာ စားပွဲ သို့လည်း တက်ရောက်သွားမည် ဖြစ်ကြောင်း သိရသည်။
ရှီသည် ပိုလန်နိုင်ငံ ခရီးစဉ် အပြီးတွင် ဥဇဘက်ကစ္စတန်နိုင်ငံသို့ သွားရောက်မည် ဖြစ်ပြီး ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း ညီလာခံသို့ တက်ရောက်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.