Connect with us

Politics, Law & Military

ရေကြီးရေလျှံမှုတွင် ကယ်ဆယ်ရေးအတွက် အသက်ပေးခဲ့ကြသူများ၏ မိသားစုဝင်များကို သမ္မတ ရှီကျင့်ဖိန် တွေ့ဆုံနှစ်သိမ့်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုင်ငံအရှေ့ပိုင်း အန်းဟွေးပြည်နယ် ဟဲဖေးမြို့ Feidong ခရိုင်ရှိ ရေကြီးရေလျှံမှုတွင် ကြိုးပမ်းဆောင်ရွက်ရင်း အသက်သေဆုံးသွားသူများ၏ မိသားစုဝင်များအား တွေ့ဆုံနှစ်သိမ့်အားပေးနေစဉ် (ဆင်ဟွာ)

ဟဲဖေး၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်သည် နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ်ရှိ ရေကြီးရေလျှံမှုတွင် ကယ်ဆယ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရင်း အသက်ပေးခဲ့ကြသူများ၏ မိသားစုဝင်များထံသို့ ယနေ့ (ဩဂုတ် ၂၀ ရက်) သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရှီသည် Feidong ခရိုင်ရှိ ရေကြီးရေလျှံခြင်းကြောင့် တင်ကျန်နေသောရေများလွှဲပြောင်းရေးဇုန်သို့ သွားရောက်စဉ် သေဆုံးသူ သုံးဦး၏ မိသားစုဝင်များအား နှစ်သိမ့်အားပေးခဲ့ခြင်းဖြစ်သည်။အသက်ပေးခဲ့သူ တစ်ဦးတစ်ယောက်ချင်းစီသည် သူရဲကောင်းများဖြစ်ပြီး လေးစားထိုက်ဖွယ်ကောင်းသူများ ဖြစ်ကြောင်း ရှီက မိသားစုဝင်များအား ပြောခဲ့သည်။

မိသားစုဝင်များအနေဖြင့် မိမိကိုယ်ကို ကောင်းမွန်စွာဂရုစိုက်ကြရန် ပြောကြားလျက် “ဘေးဒုက္ခများ ဖြစ်ပေါ်ချိန်တိုင်း သူရဲကောင်းများက ရှေ့မှတာဝန်ယူကြတယ်။ ဒါက တရုတ်နိုင်ငံ၏ ကြီးမြတ်သောစိတ်ထားကို ဖော်ပြနေခြင်းဖြစ်တယ်”ဟု ရှီက ဆိုသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.