Connect with us

Politics, Law & Military

တရုတ်နိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့ လာမည့်ရက်များတွင် တယ်လီဖုန်းဖြင့် ဆွေးနွေးရန်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးပြော

တရုတ်နိုင်ငံတော်အလံ (ယာ) နှင့် အမေရိကန် နိုင်ငံတော်အလံ အား အတူတကွ တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် လာမည့်ရက်များတွင် တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုဆွေးနွေးရန် သဘောတူထားကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးက ဩဂုတ် ၂၀ ရက်တွင် ပြောကြားလိုက်သည်။

တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံအနေဖြင့် စီးပွားရေးနှင့် ကုန်သွယ်ရေး သဘောတူညီမှု ပထမအဆင့် တိုးတက်မှုကို အကဲဖြတ်ရန် ပြောဆိုဆွေးနွေးမှုများ မကြာမီ ပြုလုပ်မည်ဟူသော သတင်းများနှင့်ပတ်သက်၍ မေးမြန်းရာ တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောင်းဖုန်းက အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။  (Xinhua)