Connect with us

Politics, Law & Military

သမိုင်းတွင်စေသော စာမျက်နှာအဖြစ် ထိုင်ဝမ်ရေလက်ကြား နှစ်ဘက်ခေါင်းဆောင်များ တွေ့ဆုံ


စင်ကာပူ၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

လက်တွေ့ကျသော ဆောင်ရွက်မှုများဖြင့် ထိုင်ဝမ်ရေလက်ကြား ဒေသနှစ်ခု တည်ငြိမ် အေးချမ်းရေးများအား လုပ်ဆောင်ပြသရမည် ဖြစ်ကြောင်း ထိုင်ဝမ် ရေလက်ကြား နှစ်ဘက်ခေါင်းဆောင်နှစ်ဦး တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က ပြောကြားလိုက်သည်။

ထိုင်ဝမ်ရေလက်ကြား နှစ်ဘက် ခေါင်းဆောင်များ၏ သမိုင်းတွင်စေသော တွေ့ဆုံမှု အဖြစ် ရှီကျင့်ဖိန်နှင့် မာယင်းကျုံ (Ma Yingjeou) တို့သည် စင်ကာပူနိုင်ငံ ရှန်ဂရီလာ ဟိုတယ်တွင် နိုဝင်ဘာလ ၇ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၃း၀၀ နာရီတွင် တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က ယခင်က ဒီထိုင်ဝမ်ရေလက်ကြား ဒေသ နှစ်ခုသည် သဘောထားကွဲလွဲမှုများကြောင့် ဆွေမျိုးများ အဆက်အသွယ်ပြတ်တောက်ခဲ့ရကြောင်း၊ ယခုတွေ့ဆုံ ဆွေးနွေးမှုမှ ထိုင်ဝမ်ရေလက်ကြား ဒေသနှစ်ခုရှိ မိသားစုများ၊ ဆွေမျိုးများ ပြန်လည် ဆုံစည်းနိုင်ဖို့မျှော်လင့်နေကြကြောင်း ပြောခဲ့သည်။

ထိုင်ဝမ်ရေလက်ကြား နှစ်ဘက် ခေါင်းဆောင်များ ဖြစ်သော ရှီကျင့်ဖိန် (ယာ) နှင့် မာယင်းကျုံတို့ စင်ကာပူနိုင်ငံ ရှန်ဂရီလာ ဟိုတယ်တွင် တွေ့ဆုံစဉ် (ဆင်ဟွာ)

လွန်ခဲ့သော ၇ နှစ်တာကာလအတွင်း ထိုင်ဝမ်ရေလက်ကြား နှစ်ဘက် ဒေသမှ ကြိုးစား အားထုတ်မှုများကြောင့် အောင်မြင်မှုများရရှိ ခဲ့သလို ယခုလို တွေ့ဆုံနိုင်ရန် အခွင့်အရေးများ ရရှိခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ဤနေရာ၌ အတူတကွ နေထိုင်ခြင်းဖြင့် ယခင် ဖြစ်ပွားခဲ့သော မကောင်းမွန်ခဲ့သည့် သမိုင်း ကြောင်းများ ပြန်မဖြစ်စေရန်နှင့် ထိုင်ဝမ်ရေလက်ကြား နှစ်ဘက်ဒေသရှိ ပြည်သူလူထုများ တည်ငြိမ်အေးချမ်းသည့် ဘဝများတွင် နေထိုင်သွားရန် အပြင် သမိုင်းကြောင်းကောင်းအောင် ဆောင်ရွက်ခြင်းလည်း ဖြစ်သည်ဟု ရှီကျင့်ဖိန်က ဆိုပါသည်။

ထိုင်ဝမ်ရေလက်ကြား နှစ်ဘက်ဒေသမှ ဆက်ဆံရေး တိုးတက်မှုများအား မည်သည့် ကြားဝင်သူ များမှ ခွဲခြား၍ မရကြောင်းနှင့် ကျွန်တော်တို့ အားလုံးသည် တရုတ် လူမျိုးများ ဖြစ်ကြောင်း၊ ကျွန်တောိတို့ အနေဖြင့် လက်တွေ့ကျသော ဆောင်ရွက်မှုများဖြင့် ထိုင်ဝမ်ရေလက်ကြား ဒေသ နှစ်ခု တည်ငြိမ်အေးချမ်းရေးများအား လုပ်ဆောင်ပြသရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မာယင်းကျုံကလည်း ၁၉၉၂ ခုနှစ် နိုဝင်ဘာလက ချုပ်ဆိုခဲ့သည့် သဘောတူညီမှုကို လိုက်နာသွားမည် ဖြစ်ကြောင်း ၊ ယခုလို လိုက်နာခြင်းသည် ထိုင်ဝမ်ရေလက်ကြား နှစ်ဘက် ဒေသ ဆက်ဆံရေးအား တိုးတက်လာစေရန် အတွက် ဖြစ်ကြောင်းနှင့် အပြန်အလှန် ဆက်ဆံရေး ကဏ္ဍများ အား တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ၎င်းအနေဖြင့် ထိုင်ဝမ်ရေလက်ကြား နှစ်ဘက်ဒေသ တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုတက်ရေးအတွက် အကြံပြု တင်ပြအပ်ပါကြောင်း ပြောကြားခဲ့သည်။ထိုင်ဝမ် ရေလက်ကြား နှစ်ဘက် ခေါင်းဆောင်များ အနေဖြင့် ၁၉၄၉ ခုနှစ် နောက်ပိုင်း ပထမဆုံး တွေ့ဆုံလည်း ဖြစ်ပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.