Connect with us

Politics, Law & Military

အာဆီယံနှင့် ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်ရန် တရုတ် ဆုံးဖြတ်ထား ဟုဆို

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် စင်ကာပူနိုင်ငံ National University of Singapore တွင် မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

စင်ကာပူ၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

အာဆီယံ၏ ဖွ့ံ့ဖြိုး တိုးတက်လာမှုအား တရုတ်နိုင်ငံမှ ထောက်ပံ့ပေးရန်နှင့် အာဆီယံ နိုင်ငံများနှင့် ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန် ဆုံးဖြတ်ထားကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က National University of Singapore (NUS) တွင် နိုဝင်ဘာလ ၇ ရက်နေ့က ပြောကြားလိုက်သည်။

ယခုနှစ်ကုန်တွင် အကောင်အထည် ပေါ်မည့် အာဆီယံ စီးပွားရေး အသိုက်အဝန်း အပေါ် ရှီက မှတ်ချက်ပြု လိုက်ခြင်း ဖြစ်သည်။

အာဆီယံ စီးပွားရေး အသိုက်အဝန်း တည်ထောင်ခြင်းအား တရုတ်နိုင်ငံမှ အခိုင်အမာ ထောက်ပံ့ပေးသွားမည် ဖြစ်ပြီး အရှေ့အာရှအတွင်း ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရာ၌ အာဆီယံ၏ ဦးဆောင်မှု အခန်းကဏ္ဍ အထောက်အကူ ပေးသွားမည် ဖြစ်သည်။

အာဆီယံ၏ မြင့်မားလှသော သမိုင်းကြောင်းနှင့် ဖွံ့ဖြိုးမှုများအား ပြောကြားရာတွင် ရှီက ပိုးလမ်းမကြီးကဲ့သို့ သော တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးမှု ဦးဆောင်လှုပ်ရှားမှုများ စတင်ခြင်းသည် အနီးတဝိုက်ရှိ နိုင်ငံများအား အကျိုး ရှိစေမည် ဖြစ်သလို ဘုံ အသိုင်းအဝိုင်းတစ်ခု တည်ဆောက်မှု မျှော်မှန်းချက် ထားရှိကြောင်းလည်း ပြောကြားခဲ့ သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117