Politics, Law & Military
သမ္မတရှီကျင့်ဖိန် နှင့် သမ္မတ မက်ခရွန် တို့ဖုန်းဖြင့် ဆက်သွယ်၍ ပွင့်လင်း ကမ္ဘာ့ကုန်သွယ်ရေးစနစ်တည်ဆောက်ရေး အကြောင်းဆွေးနွေး

ပေကျင်း ၊ မတ် ၂၃ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် ပြင်သစ်နိုင်ငံသမ္မတ မက်ခရွန် တို့သည် မတ်လ ၂၂ ရက်က ဖုန်းဖြင့်ဆက်သွယ်၍ ပွင့်လင်းကမ္ဘာ့ကုန်သွယ်ရေးစနစ်တည်ဆောက်ရန် ကဏ္ဍစုံမြှင့်တင်ရေး နှင့် နှစ်နိုင်ငံဆက်ဆံရေး နက်ရှိုင်းစွာ ပူးတွဲအကောင်အထည်ဖော်ရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆွေးနွေးစဉ် ပြင်သစ်သမ္မတမက်ခရွန်က ရှီကျင့်ဖိန်အား တရုတ်နိုင်ငံ၏ အမျိုးသားပြည်သူ့ကွန်ဂရက်(NPC)၏ နှစ်ပတ်လည်အစည်းအဝေးတွင် တရုတ်နိုင်ငံသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရခြင်းအပေါ်ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က တရုတ် နှင့် ပြင်သစ် နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်ခိုင်မာလာခြင်းကို အသိအမှတ်ပြုပြောကြားခဲ့သည်။
သတင်းအပြည့်အစုံဖတ်ရန် -Link – http://www.xinhuanet.com/english/2018-03/22/c_137058065.htm