Connect with us

Politics, Law & Military

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် ဂီနီနိုင်ငံသမ္မတ အယ်လ်ဖာကွန်ဒီ တို့တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်(ယာ) နှင့် ဂီနီနိုင်ငံသမ္မတ အယ်လ်ဖာကွန်ဒီ(ဝဲ) တို့ လက်ဆွဲနှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ပေကျင်း ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ပေကျင်းမြို့၌ ကျင်းပသည့် ၂ဝ၁၈ ခုနှစ် တရုတ်-အာဖရိကပူးပေါင်းဆောင်ရွက်မှု(FOCAC) ဖိုရမ်တက်ရောက်ရန် တရုတ်နိုင်ငံသို့ရောက်ရှိနေသော ဂီနီနိုင်ငံသမ္မတ အယ်လ်ဖာကွန်ဒီ(Alpha Conde) အား စက်တင်ဘာ ၁ ရက်တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ယင်းသို့တွေ့ဆုံစဉ် သမ္မတရှီက ဂီနီနိုင်ငံသည် အာဖရိကတိုက် ဆာဟာရဒေသရှိ နိုင်ငံများအနက် တရုတ်နိုင်ငံ နှင့်ပထမဆုံး သံတမန်ဆက်ဆံရေးထူထောင်ခဲ့သော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ၊ မကြာသေးမီနှစ်များအတွင်း တရုတ်-ဂီနီ နှစ်နိုင်ငံအကြား ဆက်ဆံရေးလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး ဘက်စုံမဟာဗျူဟာမြောက် နှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေးကို တည်ထောင်နိုင်ခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် တရုတ်-ဂီနီ နှစ်နိုင်ငံအကြား အစဉ်အလာချစ်ကြည်ရင်းနှီးမှုကို အားပေးထောက်ခံကြောင်း ၊ မိတ်ဖက်ချစ်ကြည်ရင်းနှီးမှုမှတဆင့် ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှုတွင် ဂီနီနိုင်ငံနှင့် အတူလက်တွဲလုပ်ဆောင်သွားရန် တရုတ်နိုင်ငံက ဆန္ဒရှိကြောင်း နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်လုပ်ဆောင်သွားလိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

သတင်းအပြည့်အစုံဖတ်ရန်

Link – http://www.xinhuanet.com/english/2018-09/01/c_137436014.htm

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.