Connect with us

Politics, Law & Military

သမ္မတရှီက ဒုတိယသက်တမ်း တာဝန်ထမ်းဆောင်မည့် အင်ဒိုနီးရှားသမ္မတဝီဒိုဒိုထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကိုဝီဒိုဒို လက်ဆွဲနှုတ်ဆက်စဉ်(ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က အင်ဒိုနီးရှားနိုင်ငံသမ္မတအဖြစ် ဒုတိယသက်တမ်း ဆက်လက်တာဝန်ထမ်းဆောင်မည့် သမ္မတဂျိုကိုဝီဒိုဒိုထံ ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာတစ်စောင်ကို အောက်တိုဘာ ၂၀ ရက်တွင် ပေးပို့ခဲ့ကြောင်း သိရသည်။

&၎င်းသဝဏ်လွှာထဲတွင် ရှီက တရုတ်-အင်ဒိုနီးရှား နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန်မှာ အလွန်အရေးကြီးပါကြောင်း ၊ လာမည့်နှစ်တွင် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်မှုသည် နှစ် ၇၀ ပြည့်အခါသမယသို့ ရောက်ရှိလာတော့မည်ဖြစ်ကြောင်း ၊ ယင်းမှာ နှစ်နိုင်ငံဆက်ဆံရေးအတွက် အခွင့်အလမ်းသစ်များကိုဆောင်ကြဉ်းပေးလိမ့်မည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ထို့ပြင်သမ္မတရှီက ၎င်းအနေဖြင့် မဟာဗျူဟာမြောက်အနေအထားတစ်ခုတွင် နှစ်နိုင်ငံဆက်ဆံရေး၏ ယေဘုယျ ဉီးတည်ချက်လမ်းကြောင်းကို ဆက်လက်ထိန်းသိမ်းထားရန်အတွက် အင်ဒိုနီးရှားသမ္မတ ဝီဒိုဒိုနှင့်အတူ လက်တွဲဆောင်ရွက်သွားရန် နှင့် ကာလရှည်အကျိုးဖြစ်ထွန်းမှု ၊ နက်ရှိုင်းသော ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု  နှင့် နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုကောင်းမွန်သော အကျိုးရလဒ်များပေါ်ထွန်းစေရန် ဒေသတွင်း နှင့် ကမာ္ဘလုံးဆိုင်ရာ တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်သွားရန် ဆန္ဒရှိကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။(Xinhua)