Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်-ပစိဖိတ်ကျွန်းနိုင်ငံများဖိုရမ်သို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဆာမိုအာကျွန်းနိုင်ငံ မြို့တော် အာပီယာ၌ ပြုလုပ်သည့် တတိယအကြိမ်မြောက် တရုတ်-ပစိဖိတ်ကျွန်းနိုင်ငံများ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာတစ်စောင်ကို အောက်တိုဘာ ၂၁ ရက်က ပေးပို့ခဲ့ကြောင်း သိရသည်။

သမ္မတက ၎င်းနှင့် ပစိဖိတ်ကျွန်းနိုင်ငံများမှ ခေါင်းဆောင်များသည် ပါပူဝါနယူးဂီနီနိုင်ငံ၌ ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် တွေ့ဆုံခဲ့ကြပြီး အပြန်အလှန် လေးစားမှုရှိပြီး ဘုံဖွံ့ဖြိုးတိုးတက်မှုရှိသော ဘက်စုံမဟာဗျူမြောက် မိတ်ဖက်ဆက်ဆံရေးဆီသို့ အဆင့်မြှင့်တင်ရန်  သဘောတူခဲ့ကြကြောင်း အဆိုပါ သဝဏ်လွှာ၌ မှတ်ချက်ပြုထားသည်။

ထို့ပြင် ရှီကျင့်ဖိန်က ယခုကျင်းပနေသော တတိယအကြိမ်မြောက်ဖိုရမ်မှာ ၎င်းနှင့် ပစိဖိတ်ကျွန်းနိုင်ငံများမှ ခေါင်းဆောင်များအကြားရရှိခဲ့သည့် အရေးပါသော သဘောတူညီချက်တစ်ခုဖြစ်ကြောင်း၊ ဤအရေးပါသော ပလက်ဖောင်းအား အပြည့်အဝအသုံးပြုခြင်းဖြင့် ခိုင်မာသော ဆွေးနွေးမှု၊ ဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်သွားမည်ဖြစ်ကာ နှစ်ဘက်ပူးပေါင်းဆောင်ရွက်မှု၌ ကြီးမားသော တိုးတက်မှုအတွက် တွန်းအားဖြစ်စေရန်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။ (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117