Politics, Law & Military
သမ္မတရှီက အထူးစီးပွားရေးဇုန်များ တည်ဆောက်ခြင်းသည် “ကြီးမားသည့် အတွေးအမြင်ဆန်းသစ်မှု အရွေ့” ဖြစ်ကြောင်း ပြောကြား
ဆန်းကျန့် ၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က အထူးစီးပွားရေးဇုန်များ တည်ဆောက်ခြင်းသည် တရုတ်ကွန်မြူနစ်ပါတီ နှင့် နိုင်ငံ၏ တိုးတက်သော ပြုပြင်ပြောင်းလဲမှု နှင့် တံခါးဖွင့်မှု လုပ်ဆောင်ချက်များအပြင် ဆိုရှယ်လစ်စနစ်ခေတ်မီစေရန် ပြုလုပ်သော ကြီးမားသည့် အတွေးအမြင်ဆန်းသစ်မှု အရွေ့တစ်ခုဖြစ်ကြောင်း ယနေ့ အောက်တိုဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးချုပ် နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဌလည်း ဖြစ်သူ ရှီက ဆန်းကျန့်(Shenzhen) အထူးစီးပွားရေးဇုန် တည်ဆောက်ခြင်း နှစ် ၄၀ ပြည့် နှစ်ပတ်လည် ဂုဏ်ပြု အခမ်းအနားသို့ တက်ရောက်စဉ် အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။(Xinhua)