Connect with us

Politics, Law & Military

တရုတ်နိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် အမေရိကန်စီးပွားရေးကိုယ်စားလှယ်အဖွဲ့တွေ့ဆုံ

တရုတ်နိုင်ငံပေကျင်းမြို့တော်တွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် အမေရိကန်နိုင်ငံစီးပွားရေးကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံနေသည့်တရုတ်နိုင်ငံဒုတိယဝန်ကြီးချုပ် Hu Chunhuaအားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊အောက်တိုဘာ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံဒုတိယဝန်ကြီးချုပ် Hu Chunhuaသည် အောက်တိုဘာ၂၀ တွင် အမေရိကန်နိုင်ငံစီးပွားရေးကိုယ်စားလှယ်အဖွဲ့နှင့် ဗီဒီယိုလင့်ခ်တစ်ဆင့်တွေ့ဆုံခဲ့ရာတွင် နှစ်နိုင်ငံစီးပွားရေးနှင့်ကုန်သွယ်ရေးဆက်ဆံမှုကောင်းမွန်တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်မှုသည်နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းများနှင့်ပြည်သူများ၏အခြေခံအကျိုးစီးပွားများနှင့်ကိုက်ညီကြောင်းပြောကြားခဲ့သည်။

စီးပွားရေးကိုယ်စားလှယ်အဖွဲ့ကိုအမေရိကန်-တရုတ်စီးပွားရေးကောင်စီ (USCBC) ဥက္ကဋ္ဌ Tom Linebargerကဦးဆောင်ခဲ့ခြင်းဖြစ်သည်။တရုတ်နိုင်ငံသည် နိုင်ငံခြားစီးပွားရေးလုပ်ငန်းများကို ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများပံ့ပိုးပေးနိုင်ရန် အဆင့်မြင့်တံခါးဖွင့်ဝါဒမြှင့်တင်ခြင်း၊လွတ်လပ်သော၊ဥပဒေအခြေပြုထားသော၊နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုရှိသောစီးပွားရေးပတ်ဝန်းကျင်တစ်ခုဖန်တီးရေးအရှိန်မြှင့်တင်ခြင်းများပိုမိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း Hu ကပြောခဲ့သည်။

USCBC အနေဖြင့်နှစ်ဦးနှစ်ဘက်အပြန်အလှန်အကျိုးရှိသည့် ပူးပေါင်းဆောင်ရွက်မှုများတွင် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းများကို ဆက်လက်ပံ့ပိုးရန်လုပ်ဆောင်လိမ့်မည်ဟု တရုတ်နိုင်ငံက မျှော်လင့်ကြောင်းဟူကဆိုသည်။ထို့ပြင် တရုတ်နိုင်ငံ၏ စီးပွားရေးအခြေအနေ၊ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် တရုတ်နိုင်ငံတွင် အမေရိကန်ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုစသည့်ကိစ္စများတွင် နှစ်ဖက်စလုံးက အမြင်ချင်းဖလှယ်ခဲ့ကြကြောင်းသိရသည်။ (Xinhua)