Politics, Law & Military
သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့်အတွက် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ရုရှားနိုင်ငံ သမ္မတ ပူတင်တို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာဖလှယ်

ပေကျင်း၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင် (Vladimir Putin) တို့သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး တည်ထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ဖလှယ်ခဲ့ကြကြောင်း သိရသည်။
တရုတ်-ရုရှား ဆက်ဆံရေးသည် အပြန်အလှန်ယုံကြည်မှု၊ ညှိနှိုင်းဆောင်ရွက်မှုနှင့် မဟာဗျူဟာမြောက်တန်ဖိုးအရ အင်အားကြီးနိုင်ငံ ဆက်ဆံရေးများအကြား အဆင့်မြင့်ဆုံး ရောက်ရှိခဲ့ကြောင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ထိန်းသိမ်းရန် အရေးပါသော အထောက်အပံ့များ ပြုလုပ်ခဲ့ကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။ (Xinhua)