Connect with us

Politics, Law & Military

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်မှု နှစ် ၇၀ ပြည့်မြောက်သည့် အမျိုးသားနေ့ အထိမ်းအ မှတ ်အခမ်းအနား ကို ဟောင်ကောင် တွင်ကျင်းပ

ဟောင်ကောင်ရှိ ဗစ်တိုရီးယားဆိပ်ကမ်း၌ သင်္ဘောတစ်စီးပေါ်တွင် အမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပနေသူများကိုတွေ့ရစဉ်(ဆင်ဟွာ)

ဟောင်ကောင်၊ အောက်တိုဘာ ၂ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်သည့်နှစ် ၇၀ ပြည့်မြောက်သည့် အထိမ်းအမှတ်အခမ်းအနားကို ဟောင်ကောင်မြို့တစ်ဝန်းတွင် ထောင်ပေါင်းများစွာသောမြို့နေပြည်သူများက မျိုးချစ်စိတ်ဓါတ ်ပြည့်ဝ သော လှုပ်ရှားမှုပုံစံအမျိုးမျိုးဖြင့် အောက်တိုဘာလ ၁ ရက် က ကျင်းပခဲ့ကြကြောင်းသိရသည်။

အဆိုပါ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်မှု နှစ် ၇၀ ပြည့်မြောက်သည့် အမျိုးသားနေ့ အထိမ်းအ မှတ ်အခမ်းအနားလှုပ်ရှားမှုများတွင်တာဝန်ရှိသူများနှင့်အောက်ခြေလူတန်းစားပြည်သူများပါ ပါဝင်ဆင် နွှဲခဲ့ကြပြီး အဌားယာဉ်များတွင်လည်း နိုင်ငံတော်အလံများစိုက်ထူကာလမ်းလျှောက်သွားလာသူများက လည်း မျိုးချစ်စိတ်ဓါတ်တက်ကြွဖွယ် ကြွေးကြော်သံများကိုကြွေးကြော်ခဲ့ကြသည်။

Golden Bauhinia ရင်ပြင် တွင်ကျင်းပသောအမျိုးသားနေ့ အလံတင် အခမ်းအနား  သို့ နိုင်ငံတော်အလံအားဝှေ့ယမ်း၍တက်ရောက်လာသူတစ်ဦးကိုတွေ့ရစဉ်။(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်မှု နှစ် ၇၀ ပြည့်မြောက်သည့် အမျိုးသားနေ့ အလံတင် အခမ်းအနားကျင်းပရာ Golden Bauhinia ရင်ပြင်သို့ချီတက်လာသောပြည်သူများကို တွေ့ ရစဉ်။(ဆင်ဟွာ)

နှစ် ၇၀ ပြည့်မြောက်သည့် အမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားကိုရုပ်ပျက်စေရန်အတွက် အဖျက်အမှောင့်လုပ်ငန်းများပြုလုပ်ရန်ခြိမ်းခြောက်မှုများရှိခဲ့သော်လည်း အခမ်းအနားလှုပ်ရှားမှုများ ကို ဟောင်ကောင်မြို့တစ်ဝန်းတွင်ပြည်သူထောင်ပေါင်းများစွာကတက်ရောက်ကာအောင်မြင်စွာကျင်းပနိုင် ခဲ့ကြသည်။

အောက်တိုဘာလ ၁ ရက်နံနက်ခင်းတွင်ပင် အဌားယာဉ် ၂,၀၀၀ ကျော်က တရုတ်နိုင်ငံတော်အလံများ ကိုလွှင့်ထူကာဟောင်ကောင်မြို့တစ်ဝန်းလှည့်လည်မောင်းနှင်ခဲ့ကြသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်သည့်နှစ် ၇၀ ပြည့်မြောက်သည့် အမျိုးသားနေ့ အလံတင် အခမ်းအနားကို Golden Bauhinia ရင်ပြင်တွင်ကျင်းပခဲ့ပြီးဟောင်ကောင်အထူးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ အစိုးရက ကြီးကျယ် လှသော ဧည့်ခံပွဲတစ်ရပ်ဆက်လက်ကျင်းပခဲ့ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.