Politics, Law & Military
အမေရိကန်နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်မှု ရပ်တည်ချက်အား ထိန်းသိမ်းနိုင်ရန် တရုတ်နိုင်ငံက မျှော်လင့်
ပေကျင်း၊ မတ် ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးအသစ်နှင့်အတူ ပူးပေါင်းဆောင်ရွက်မှု ရပ်တည်ချက်အား ထိန်းသိမ်းကာ နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ခိုင်မာရေးနှင့် တည်ငြိမ်ရေး မြှင့်တင်ရန် မျှော်လင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောခွင့်ရပုဂ္ဂိုလ်က မတ်လ ၁၄ ရက်က ပြောကြားလိုက်သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန် (Rex Tillerson) ၏ နေရာ၌ CIA ညွှန်ကြားရေးမှူး Mike Pompeo ဖြင့် အစားထိုးခန့်အပ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က မတ်လ ၁၃ ရက်က ၎င်း၏ တွစ်တာအကောင့်တွင် ကြေညာခဲ့ပြီးနောက် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လုခန်းက မှတ်ချက်ပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။
“တီလာဆန်ရဲ့ သက်တမ်းအတွင်း တရုတ်နဲ့ အမေရိကန်က နီးကပ်တဲ့ ဆက်ဆံရေးရှိခဲ့တယ်။ ပြီးတော့ တရုတ်-အမေရိကန် ဆက်ဆံရေး တိုးတက်မှုအတွက် ၎င်းရဲ့ အားထုတ်မှုအတွက်လည်း ကျေးဇူးတင်ပါတယ်” ဟု လုက ပြောသည်။
နှစ်နိုင်ငံ ဆက်ဆံရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များတွင် တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့၏ အခြေခံ အကျိုးစီးပွားများနှင့် သဘောတူညီချက် ရရှိခဲ့ရုံမက နိုင်ငံတကာ အသိုင်းအဝိုင်း၏ မျှော်လင့်ချက်များနှင့်လည်းပဲ ဆုံဆည်းမိခဲ့ကြောင်း လုက ဆိုသည်။ (Xinhua)