Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ သည် ပြန်လည်ရွေးကောက်ခံရသော နီပေါသမ္မတထံ ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့

နီပေါနိုင်ငံ သမ္မတ အဖြစ် ဒုတိယအကြိမ်ပြန်လည်ရွေးကောက်ခံရသော Bidya Devi Bhandari အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ပေကျင်း၊ မတ် ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နီပေါနိုင်ငံ သမ္မတ အဖြစ် ဒုတိယအကြိမ်ပြန်လည်ရွေးကောက်ခံရသော Bidya Devi Bhandari ထံ မတ် ၁၄ရက်က ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။

ဂုဏ်ပြုသဝဏ်လွှာတွင် ရှီက တရုတ်နိုင်ငံ နှင့် နီပေါနိုင်ငံတို့သည် နီးကပ်သော အိမ်နီးချင်းများဖြစ်ပြီး တရုတ်နိုင်ငံသည် လူမှုစနစ် နှင့် ဖွံ့ဖြိုးရေးလမ်းကြောင်းအပေါ် နီပေါနိုင်ငံသားများ၏ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို အမြဲလေးစားပြီး ထောက်ခံပါကြောင်း၊ Bhandari နှင့် နီပေါအစိုးရ၏ ဦးဆောင်မှုအောက်တွင် နီပေါနိုင်ငံအနေဖြင့် ကြီးကျယ်ခမ်းနားသည့် အောင်မြင်မှုများ ရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်းပြောကြားခဲ့သည်။

ရှီက တရုတ်-နီပေါ ဆက်ဆံရေးကို အထူးအလေးထားပါကြောင်း နှင့် အဆက်မပြတ်အောင်မြင်မှုများ အတွက် ပြီးပြည့်စုံသော ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို တိုးမြှင့်ရန် Bhandari နှင့် ချိတ်ဆက်လုပ်ဆောင်ရန် ဆန္ဒရှိပါကြောင်းလည်း ပြောကြားခဲ့သည်။

Bhandari အား မတ် ၁၃ရက်တွင် နီပေါနိုင်ငံ၏ သမ္မတ အဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.