Connect with us

Politics, Law & Military

ရုရှားသမ္မတပူတင်က ရှီကျင့်ဖိန်ထံ ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာပေးပို့

-တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားသမ္မတ ပူတင်တို့ တွေ့စုံစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ်လ ၁၇ ရက်(ဆင်ဟွာ)

ရှီကျင့်ဖိန်အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်လိုက်သည့်အတွက် ရုရှားသမ္မတပူတင်က ရှီကျင့်ဖိန်ထံ ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပါသည်။

တရုတ်နိုင်ငံ အမျိုးသာပြည်သူ့ကွန်ဂရက်၏ယခုလိုရွေးချယ်မှုမှာ အဆွေတော်၏မြင့်မြတ်သောဂုဏ်သိက္ခာနှင့် ဂုဏ်ပုဒ်ကို နောက်တစ်ဖန် သက်သေထူလိုက်ခြင်းဖြစ်သလို တရုတ်နိုင်ငံ၏လူမှုစီးပွား လျှင်မြန်စွာဖွံ့ဖြိုးတိုးတက် ရန်အတွက် ဆောင်ရွက်မှုရှိခြင်း၊ နိုင်ငံတကာဇာတ်ခုံပေါ်တွင် မိမိနိုင်ငံ၏အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက် သည့် စွမ်းဆောင်မှုရှိခြင်းတို့ကို အသိအမှတ်ပြုလိုက်ခြင်းလည်းဖြစ်ကြောင်း ၊ အဆွေတော်၏စွမ်းဆောင်ချက် ကြောင့် ရုရှား-တရုတ်ဆက်ဆံရေးမှာလည်း ယခုနှစ်ပိုင်းများတွင် အသစ်တဖန်တိုးမြင့်လာရာ နိုင်ငံကြီးများ အကြား ဖွံ့ဖြိုးမှုမျှတအောင် အပြန်အလှန်အကျိုးအမြတ်ဖြစ်ထွန်းအောင် ပူးပေါင်းဆောင်ရွက်သည့် စံနမူနာ ကောင်းဖြစ်လာကြောင်း ၊ အဆွေတော်နှင့်ထပ်မံတွေ့ဆုံဆွေးနွေးရမည့်အတွက် အထူးပင် ဝမ်းမြောက်ကြောင်း နှင့် နှစ်နိုင်ငံ၏ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မြဲအောင် ထပ်မံတိုးမြှင့် လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း၊ ယခုလိုပူးပေါင်းဆောင်ရွက်မှုမှာ ရုရှားတရုတ် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားကို ဖြစ်ထွန်းစေနိုင်မည်ဖြစ်သလို အာရု-ဥရောပတွင်သာမက တစ်ကမ္ဘာလုံး၏တည်ငြိမ်အေးချမ်း ရေးအတွက်လည်း အထောက်အပံ့ဖြစ်စေနိုင်ကြောင်း ၊ အဆွေတော် ကျန်းမာချမ်းသာပြီးလိုအင်ဆန္ဒပြည့်ဝကာ နိုင်ငံသမ္မတ၏စွမ်းဆောင်မှုသစ်များအောင်မြင်မှုအသစ်များ အဆက်မပြတ်ရယူနိုင်ပါစေလို့ ဆုမွန်ကောင်းချွေ လိုက်ပါကြောင်း ရုရှားသမ္မတပူတင်၏ ဂုဏ်ပြုသဝဏ်လွှာတွင် ရေးသားဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.