Connect with us

Politics, Law & Military

အာရှအတွက် ဘိုးအောက်ဖိုရမ်၏ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးဆွေးနွေးပွဲသို့ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

အာရှအတွက် ဘိုးအောက်ဖိုရမ် (Boao Forum) ၏ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အာရှအတွက် ဘိုးအောက်ဖိုရမ် (Boao Forum) ၏ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ ဝမ်းမြောက်ကြောင်းသဝဏ်ပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲအား တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်တုံပြည်နယ်၊ ချင်းသောင်မြို့တွင် ဇွန်လ ၁၁ ရက်က ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

ကျန်းမာရေးကောင်းမွန်ခြင်းက လူတိုင်းအတွက်ဖြစ်ကြောင်း မှတ်ချက်ပြုရင်း လူသားမျိုးနွယ်၏ ဘုံရည်မှန်းချက်နှင့် လူသားမျိုးနွယ် ကံကြမ္မာအကျိုးတူ အသိုက်အဝန်းတစ်ခု တည်ဆောက်ရာတွင် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအကြောင်း အဆင့်မြင့်ခြင်းက စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ၂၀၃၀ အစီအစဉ် အကောင်အထည်ဖော်ရာတွင်လည်း အရေးပါကြောင်း သမ္မတ ရှီက သဝဏ်လွှာ၌ ထည့်သွင်းပြောကြားထားသည်။

ထို့ပြင် အဆိုပါ ဆွေးနွေးပွဲသည် အာရှနှင့် ကမ္ဘာတွင် ဘုံဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများ ကြွယ်ဝချမ်းသာရေး မြှင့်တင်ရာတွင် အရေးပါသော အားထုတ်ကြိုးပမ်းမှုတစ်ခုဖြစ်ကြောင်း ရှီက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.